September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ဘန်ကောက်က စျေးတစ်ခုမှာ အဝတ်အထည်ရောင်းချမှုနဲ့ မြန်မာအပါအဝင် နိုင်ငံခြားသား ၇ ဦးဖမ်းဆီးခံရ

နိုဝင်ဘာ ၆ ရက်၊ Migrant Times
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က Bobae စျေးမှာ နိုင်ငံခြားသားတွေ လုပ်ကိုင်ခွင့်မရှိတဲ့ အဝတ်အထည်ဆိုင်ဖွင့်လှစ်ရောင်းချမှုနဲ့ မြန်မာအပါအဝင် ထိုင်းနိုင်ငံသားမဟုတ်သူ ၇ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
နိုဝင်ဘာလ ၅ ရက်က အဲဒီစျေးကို ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိတွေနဲ့ အလုပ်အကိုင်ဌာန အရာရှိတွေ ဝင်ရောက်စစ်ဆေးခဲ့ရာမှာ အခုလို ဖမ်းဆီးခံခဲ့ရတာပါ။
ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာ တစ်ဦး၊ လာအို ၅ ဦး၊ တရုတ် တစ်ဦးပါဝင်ပြီး အသက် ၁၅ နှစ်ကနေ ၆၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
သူတို့ကို Nang Loeng ရဲစခန်းကို ပို့ဆောင်ပြီး ဥပဒေအရ အရေးယူမယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံသားမဟုတ်တဲ့ နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားတွေ လုပ်ကိုင်ခွင့်မရှိတဲ့အလုပ်အကိုင် အမျိုးအစားတွေကို ဥပဒေအရ သတ်မှတ်ထားပါတယ်။
ထိုင်းဥပဒေအရ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်တဲ့ နိုင်ငံခြားသားတွေဟာ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ငန်း၊ စက်မှုလုပ်ငန်းတွေမှာပဲ လုပ်ကိုင်ခွင့်ရှိပြီး နိုင်ငံခြားသားတွေ လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်လုပ်မှုနဲ့ ပြီးခဲ့တဲ့လေးလအတွင်း မြန်မာနိုင်ငံသား ၁၂၈၉ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
ကိုးကား၊ ဓာတ်ပုံ-Khaosod News

Leave a Reply

Your email address will not be published. Required fields are marked *