September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ဇန်နဝါရီ ၁ရက်ကစပြီး ထိုင်းနိုင်ငံမှာ အခြေခံလုပ်အားခ တိုးမယ်

ဒီဇင်ဘာ ၂၄ ရက်၊ Migrant Times
လာမယ့် ဇန်နဝါရီလ ၁ ရက်ကစပြီး ထိုင်းနိုင်ငံမှာ အလုပ်သမားတွေ အခြေခံလုပ်အားခ တိုးမြှင့်ရရှိမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ တစ်ဝန်းမှာ အခြေခံလုပ်အားခကို တစ်နေ့ ဘတ် ၄၀၀ နှုန်းအထိ တိုးမြှင့်ပေးဖို့ လုပ်အားခညှိနှိုင်းရေးကော်မတီက မနေ့က ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက်မှာ ခရိုင်အလိုက် လုပ်အားခ နှုနး်ထားတွေ တိုးမြှင့်ဖို့
ဆုံးဖြတ်ချက်ကို ထိုင်းအစိုးရအဖွဲ့က သဘောတူအတည်ပြုလိုက်တာဖြစ်ပါတယ်။
အခြေခံလုပ်အားခ တိုးပေးတာမှာ ခရိုင်အလိုက် တိုးမြှင့်တဲ့နှုန်းကို သတ်မှတ်တာဖြစ်ပြီး တစ်နိုင်ငံလုံး တပြေးညီ တိုးမြှင့်ပေးတာမျိုး မဟုတ်ပါဘူး။
ဖူးခက်၊ ရယောင်း၊ ချွန်ဘူရီ၊ ချချိန်ဆောင်ခရိုင်နဲ့ ဆူရတ်ဌာနီခရိုင်ရဲ့ Koh Samui ဒေသက အလုပ်သမားတွေအနေနဲ့ တစ်ရက်လုပ်အားခ ၄၀၀ ဘတ်နှုန်းရရှိမှာဖြစ်ပါတယ်။
ချင်းမိုင်နဲ့ ဟတ်ရိုင်မှာတော့ တစ်ရက် လုပ်အားခ ၃၈၀ ဘတ်နှုန်း ရရှိမှာဖြစ်ပါတယ်။
ဘန်ကောက်၊ နခွန်ပထုံ၊ နွန်ထဘူရီ၊ ပထုံဌာနီ၊ စမွတ်ပရာကန်နဲ့ စမွတ်စာခွန်ခရိုင်တွေမှာတော့ တစ်ရက်လုပ်အားခ ၃၇၂ ဘတ်နှုန်းရရှိမှာဖြစ်ပါတယ်။
အနည်းဆုံး အခြေခံလုပ်အားခတိုးပေးမယ့် ခရိုင်တွေက ပတ္တာနီ၊ နရာထိဝပ်၊ ယလာခရိုင် ဖြစ်ပြီး ၃၃၇ ဘတ်ရရှိမှာဖြစ်ပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာအရ အ​​ခြေခံလုပ်အားခ နှုန်းထားကို ၂ ဒသမ ၉ ရာခိုင်နှုန်း အထိ တိုးမြှင့်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ကိုးကား၊ ဓာတ်ပုံ- Khaosod News

Leave a Reply

Your email address will not be published. Required fields are marked *