September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ထိုင်းရေလုပ်သား (၄)အပါအ၀င် (၃၁)ဦး ထောင်ဒဏ်နဲ့အတူ ငွေဒဏ်များ ချမှတ်ခံရ

ဒီဇင်ဘာ ၁၇၊ Migrant Time၊ မောင်နေ့သစ်
ထိုင်းနိုင်ငံသားတွေ ဖြစ်တဲ့ ရေလုပ်သား (၄)ဦးအပါအ၀င် (၃၁)ဦးကို ဒီဇင်ဘာ ၁၆ ရက်နေ့က ထောင်ဒဏ်နဲ့ အတူ ငွေဒဏ်‌တွေ ချမှတ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကော့သောင်းမြို့ တရားရုံးကနေ သိရပါတယ်။
ထိုင်း ရေလုပ်သား (၄)ဦးထဲက (၃)ဦးကို ထောင်ဒဏ် (၄)နှစ်စီနဲ့ ငွေဒဏ် ကျပ် (၂)သောင်း စီ ချမှတ်ခဲ့ပြီး (ခေါင်းဆောင်) တစ်ဦးကိုတော့ ထောင်ဒဏ် (၆)နှစ်နဲ့ ငွေဒဏ် ကျပ် (၂)သိန်းချမှတ်ခဲ့တာလို့ သိရပါတယ်။
သူတို့တွေကို နိုဝင်ဘာ (၃၀)ရက်နေ့တုန်းက တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ ဇာဒက်ကြီးကျွန်းအောက်ဘက်၊ သံကျွန်းနားမှာရှိတဲ့ မြန်မာရေပိုင်နက်ထဲမှာ ထိုင်းငါးဖမ်းစက်လှေ တစ်စီးပေါ်မှာ မြန်မာရေတပ်က ဖမ်းဆီးခဲ့တာ လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ အထဲက မြန်မာ ရေလုပ်သား (၂၇)ဦးကိုလည်း ထောင်ဒဏ် (၄)နှစ်စီနဲ့ ငွေဒဏ် ကျပ် (၂)သောင်း စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ထိုင်းရေလုပ်သား (၄) ဦးဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်က နိုင်ငံခြားရေးဝန်ကြီး ကို မြန်မာဘက်သို့ သွားရောက်ဖို့ ညွှန်ကြားထားပြီး နှစ်နိုင်ငံညှိနှိုင်းဖို့အတွက် ဒီဇင်ဘာ ၁၉ ရက်နေ့မှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာဘက်ကို လာရောက်ဖို့ရှိတယ်လို့လဲ ထိုင်းသတင်းဌာနတွေက ဖော်ပြထားတာကို တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *