September 24, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ဖန်ငခရိုင်အတွင်းက ထိုင်းဘုန်းတော်ကြီးကျောင်းတွင် ထိုင်း-မြန်မာစုပေါင်းဘုံကထိန်ပွဲကျင်းပ

နိုဝင်ဘာ ၃၊
မောင်နေ့သစ်၊ Migrant Times
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်းအတွင်းက ခိခက်ဘုန်းတော်ကြီးကျောင်းမှာ ထိုင်း-မြန်မာဘုံကထိန်ပွဲကို ယနေ့နံနက်တွင် ကျင်းပခဲ့ပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ ထိုင်းလူမျိုးတွေစုပေါင်းပြီး ဆင်ယင်ကျင်းပတဲ့ ပွဲတစ်ခုလည်းဖြစ်ပါတယ်။
ဘုံကထိန်အလှူပွဲတွင် ပူးပေါင်းပါဝင်ခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမား မွန်လူမျိုးတစ်ဦးက “ကျွန်တော်တို့တွေနှစ်စဥ်နှစ်တိုင်း အခုပြုလုပ်တဲ့ ခိခတ်ထိုင်းဘုန်းကြီးကျောင်းမှာ ပူပေါင်းပါဝင်ခဲ့တယ်။ ဒီလိုပူးပေါင်းပါဝင်မှုတွေပြုလုပ်လို့လည်း အခုနယ်မြေမှာဆိုရင် ထိုင်းလူမျိုးတွေနဲ့ မြန်မာပြည်သားတွေ ချစ်ခင်ရင်နှီးမှုတွေရရှိခဲ့တယ်။ ဒီနယ်မှာဆိုရင် လူမျိုးရေးခွဲခြားမှုတွေလည်းမရှိဘူး ထိုင်းလူမျိုးတွေက ကောင်းကြတယ်။ ဒါကြောင့် နှစ်စဥ်နှစ်တိုင်း ကျွန်တော်တို့တွေက လာရောက်ပူးပေါင်းပါဝင်ဖြစ်တာ”ပါဟု မွန်အမျိုးသားတစ်ဦးက Migrant Times ကိုပြောပါတယ်။
အဆိုပါ ဘုံကထိန်ပွဲတော်တွင် ထိုင်းနိုင်ငံသားများနှင့်အတူ မြန်မာရွှေ့ပြောင်းအလုပ်သမားများကလည်း စတုဒီတာအဖြစ် ထမင်းဟင်းများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပါတယ်။
နှစ်စဥ်ပြုလုပ်နေကျ ခိခက်ဘုန်းတော်ကြီးကျောင်း ၏ ဘုံကထိန်ပွဲတော်တွင် ထိုင်းရိုးရာ
ယဥ်ကျေးမှု၊ မြန်မာရိုးရာ တိုင်းရင်းသားဝတ်စုံများဖြင့် စီတန်းလှည့်လည်ခဲ့ကြပြီး ထိုင်းမြန်မာ လူဦးရေ ၁၀၀၀ ကျော်ခန့်က လာရောက်ပူးပေါင်းခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *