September 24, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

အထောက်အထားမဲ့ မြန်မာလုပ်သားအပြည့် တင်ဆောင်လာတဲ့ ကား ၃ စီးကို ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့ဖမ်းဆီး

ဝင်ဘာ ၃ ရက်
Migrant Times
ထိုင်းနိုင်ငံ၊ နွန်ခစဝမ်ခရိုင်အခြေစိုက် အမြန်လမ်းရဲတပ်ဖွဲ့က ဗန်ကားသုံးစီးကို တားဆီးစစ်ဆေးရာ အထောက် အထားမဲ့ မြန်မာလုပ်သား ၃၈ ဦးကို ဖမ်းဆီးမိခဲ့ပါတယ်။
နိုဝင်ဘာလ ၁ ရက်က ထိုင်းနိုင်ငံ၊ နခွန်စဝမ်ခရိုင် အမြန်လမ်းပေါ်မှာ မောင်းနှင်လာတဲ့ ဗန်ကား ၃ စီးကို အမြန်လမ်းရဲတပ်ဖွဲ့က မသင်္ကာလို့ လိုက်လံစစ်ဆေးရာမှာ ကားပေါ်အပြည့် လိုက်ပါလာတဲ့ တရားမဝင်မြန်မာလုပ်သား ၃၈ ဦးနဲ့ ထိုင်းကားသမား ၃ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းသတင်းဌာန Line Today မှာ ဖော်ပြပါတယ်။
အဲဒီ့အထောက်အထားမဲ့ မြန်မာလုပ်သားအားလုံးဟာ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်ကတစ်ဆင့် ထိုင်းနိုင်ငံအလယ်ပိုင်း၊ ပထုံဌာနီခရိုင်ကို သွားမှာလို့ သိရပါတယ်။
တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာလုပ်သားတွေက တစ်ဦးကို ပွဲစားခ ဘယ်လောက် ပေးဆောင်ခဲ့ရတယ်ဆိုတာ သတင်းမှာ မဖော်ပြထားပေမယ့် ကားမောင်းလိုက်ပို့တဲ့ ထိုင်းကားသမားတွေကတော့ လမ်းကြောင်းတစ်ကြောင်းကို ဘတ် ၅၀၀၀ ကနေ ၁၀၀၀၀ နှုန်းအထိ ရတယ်လို့ ထွက်ဆိုထားပါတယ်။
မြန်မာလုပ်သား ၃၈ ဦးနဲ့ ထိုင်းကားသမား ၃ ဦးကို သက်ဆိုင်ရာရဲစခန်းမှာ ထိန်းသိမ်းထားပြီး တရားဥပဒေအရ အရေးယူမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *