နိုဝင်ဘာ ၁ ရက်၊ Migrant Times
မလေးရှားနိုင်ငံ လုပ်ငန်းခွင်မှာ မတော်တဆ သေဆုံးခဲ့တဲ့ လူမှုဖူလုံရေးအဖွဲ့ (PERKESO)ဝင် မြန်မာအလုပ်သမား ၃၂ ဦးဟာ လျော်ကြေးရရှိခဲ့ကြောင်း သိရပါတယ်။
PERKESO မှာ မှတ်ပုံတင်ထားတဲ့ မြန်မာအလုပ်သမား ၃၂ ဦးရဲ့ မိသားစုဝင်တွေဟာ လက်ရှိမှာ လျော်ကြေး ရရှိထားပြီလို့ သိရပါတယ်။
၂၀၂၃ဖေဖော်ဝါရီလ ၂၄ ရက်မှာ လုပ်ငန်းခွင်မတော်တဆမှုနဲ့ သေဆုံးသွားတဲ့ မောင်ကျော်မြင့်ဦး (MD 372855) အတွက်လည်း PERKESO နဲ့ မြန်မာလူမှုဖူလုံရေးအဖွဲ့ (SSB)က သူ့မိသားစုကို လျော်ကြေးငွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄ အောက်တိုဘာ ၂၂ ရက်မှာ မောင်ကျော်မြင့်ဦးရဲ့ ဇနီး ဒေါ်စန်းစန်းယဉ်ကို ကျပ်ငွေ ၂၄,၉၉၃,၅၂၈ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
၂၀၂၀ ခုနှစ်ကစပြီး မြန်မာအလုပ်သမားတွေ အတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့်တွေ လွယ်ကူချောမွေ့စေဖို့ PERKESO နဲ့ SSB အကြား ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာ (MoC) ကို လက်မှတ်ရေးထိုးခဲ့တာပါ။