September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

တောင်ကိုရီးယားမှာ ကျောင်းတက်နေသူတွေ ပညာသင်ဆု လျှောက်ထားနိုင်

ဇန်နဝါရီ ၆ရက်၊ Migrant Times
တောင်ကိုရီးယားမှာ ကျောင်းတက်နေတဲ့ မြန်မာနိုင်ငံသားတွေ Global Elim Foundation ရဲ့ ပညာသင်ဆု လျှောက်ထားနိုင်တယ်လို့ ဆိုးလ်မြို့၊ မြန်မာသံရုံးက ကြေညာထားပါတယ်။
တောင်ကိုရီးယားက တက္ကသိုလ်တစ်ခုခုမှာ ဘွဲ့ကြို၊ မဟာဘွဲ့နဲ့ ဒေါက်တာဘွဲ့(ကိုရီးယားဘာသာစကားသင်တန်းမပါ)တက်ရောက်ခွင့်ရထားပြီး ကျောင်းလခ၊ နေထိုင်စရိတ် အခက်အခဲရှိနေတဲ့ မြန်မာနိုင်ငံသား ကျောင်းသား၊ ကျောင်းသူ ၂ ဦးကို ပညာသင်ဆု ရွေးချယ်ပေးအပ်မှာ ဖြစ်ပါတယ်။
လျှောက်ထားလိုသူတွေအနေနဲ့ ဇန်နဝါရီလ ၂၃ ရက် နောက်ဆုံးထားပြီး ဆိုးလ်မြို့၊ မြန်မာသံရုံးကို ကိုယ်တိုင်လာရောက်လှေ ျာက်ထားနိုင်သလို စာတိုက်ကနေလည်း ေပးပို့လျှောက်ထားနိုင်ပါတယ်။ mentoringcenterglobal@gmail.com ကိုလည်း အီးမေးလ်ပေးပို့လျှောက်ထားနိုင်ပါတယ်။
ပညာသင်ဆုလျှောက်လွှာကို သတင်းနဲ့အတူ ဖော်ပြပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *