ယာဥ်တိုက်မှု့ကြောင့် သေဆုံးခဲ့သည့် အသက် ၈ နှစ်အရွယ် မြန်မာရွှေ့ပြောင်းကျောင်းသား တစ်ဦး၏ နာရေး (ရုပ်/သံ)

ဇန်နဝါရီလ ၈ရက်၊
မောင်နေ့သစ်၊Migrant Times
ထိုင်းတောင်ပိုင်း၊ ဖန်ငခရိုင် ထပ်လမုကျေးရွာအတွင်းက မြန်မာရွှေ့ပြောင်းကျောင်းသား ကလေးငယ် ၃ ဦးကို ဇန်နဝါရီလ ၅ရက်နေ့ ညနေပိုင်းက ထိုင်းလူမျိုးတစ်ဦးမောင်းနှင်သည့် ကားတစ်စီးကဝင်တိုက်ခဲ့ပါတယ်။
အဆိုပါကလေးငယ်များသည့် မုန့်သွားဝယ်စားမည်ဟု မိဘများအားပြောပြီး ကျေးရွာအနီးပြုလုပ်သည့် ပွဲတော်တစ်ခုသို့ စက်ဘီးစီးနင်း၍သွားရာမှ အရှိန်ဖြင့် မောင်းနှင်လာသည့် ကားတစ်စီးကဝင်တိုက်ခဲ့၍ တစ်ဦးသေဆုံးခဲ့ပါတယ်။
သေဆုံးသွားသည့် ကလေးငယ်မှာ အသက် ၈နှစ်အရွယ် မောင်ကြယ်စင်ဟိန်းဆိုသူဖြစ်ပြီး ယနေ့နေ့လည်ပိုင်းမှာ ရွှေမြန်မာ မဟာဒုတ်ဘုန်းကြီးကျောင်းမှာ မီးသင်္ဂြိုလ်ခဲ့ပါတယ်။

Similar Posts

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်