နိုဝင်ဘာ 8, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

လာအိုအစိုးရက အနိမ့်ဆုံးလုပ်ခလစာ ၃ဆတိုးမြှင့်ပေး

အောက်တိုဘာ ၂၉ ရက်၊
Migrant Times
လာအိုနိုင်ငံမှာ အနိမ့်ဆုံလုပ်ခလစာကို အမေရိကန်ဒေါ်လာ ၁၄ဒေါ်လာ(လာအိုကစ် ၃ သိန်း)က​နေ အမေရိကန်ဒေါ်လာ ၄၁ဒေါ်လာ(လာအိုကစ် ၉သိန်း)အထိ တိုးမြှင့်လိုက်ပါတယ်။
လူနေမှုစရိတ်မြင့်မားမှုကြောင့် လာအိုအစိုးရဟာ ရုတ်တရက် အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ပေးလိုက်တာဖြစ်ပြီး လုပ်ခလစာနှုန်းထား တိုးမြှင့်ကြောင်း အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနက စက်တင်ဘာလ ၂၇ရက်မှာ ကြေညာခဲ့တာပါ။
အနိမ့်ဆုံးလုပ်ခလစာအသစ်ဟာ ၂၀၂၄ခုနှစ်အောက်တိုဘာလ ၁ရက်မှာ စတင်အသက်ဝင်မှာပါ။
လုပ်ခလစာအသစ်ဟာ အိမ်နီးချင်း ထိုင်းနဲ့ ဗီယက်နမ်တို့ထက် နိမ့်နေပေမယ့် လုပ်ခလစာကို ဒေသတွင်းစံနှုန်းတွေနဲ့ ချိန်ညှိပြီး လာအိုအလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ စီးပွားရေးအခြေအနေမှန်တွေကို ဖြေရှင်းရာမှာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ရပ်ကို ကိုယ်စားပြုကြောင်း အလုပ်သမားဝန်ကြီးကပြောပါတယ်။
ကိုးကား -VDB.Loi

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်