September 24, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားတွေအတွက် CI စင်တာတစ်ခု စမွတ်စခွန်မှာ နောက်လဖွင့်မယ်

အောက်တိုဘာ ၂၄ရက်၊ Migrant Times
ထိုင်းနိုင်ငံမှာ အလုပ်လုပ်တဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI- Certificate of Identity) လျှောက်ထားနိုင်တဲ့ CI စင်တာတစ်ခုကို စမွတ်စခွန်မှာ နောက်လဖွင့်မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး Phiphat Ratchakitprakarn က ပြောပါတယ်။
ရွှေ့ပြောင်းအလုပ်သမားစီမံခန့်ခွဲမှု အမျိုးသားအဆင့်ကော်မတီရဲ့အောက်တိုဘာလ ၂၁ ရက်အစညး်အဝေးအပြီးမှာ အလုပ်သမားဝန်ကြီးက အခုလို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်ရွှေ့ပြောင်းလုပ်သားတွေအတွက် CI စာအုပ်လုပ်ဆောင်နိုင်ဖို့နဲ့ အောက်တိုဘာလ ၃၁ ရက်မှာ စာအုပ်သက်တမ်းကုန်မယ့်သူတွေ သက်တမ်းတိုးလုပ်ဆောင်နိုင်ဖို့ CI စင်တာကို ဖွင့်လှစ်တာဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။
စမွတ်စခွန်က CI စင်တာကို လာမယ့် ဧပြီလအထိ ဖွင့်လှစ်မှာဖြစ်ပြီး CI စာအုပ်လုပ်မယ့်သူဦးရေ များလာရင် CI စင်တာသစ်တွေ ထပ်ဖွင့်မယ်လို့ ထိုင်းအလုပ်သမားရေးရာဌာန ညွှန်ကြားရေးမှူး Somchai Morakotsriwan က ပြောပါတယ်။
CI လျှောက်ထားသူတွေဟာ ထိုင်းနိုင်ငံမှာ ၂ နှစ် တရားဝင်
အလုပ်လုပ်ခွင့်ရမှာဖြစ်ပြီး သတ်မှတ်ကာလပြည့်ရင် သက်တမ်းတိုးရမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်တဲ့ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ နေထိုင်ခွင့်ဗီဇာနဲ့ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံ(CI- Certificate of Identity)စာအုပ်ရှိမှသာ ဥပဒေအရ တရားဝင်အလုပ်သမားအဖြစ် သတ်မှတ်ခံရတာ ဖြစ်ပါတယ်။
ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ တရားဝင်နေထိုင်အလုပ်လုပ်ခွင့်အတွက် နေထိုင်ခွင့်ဗီဇာ တံဆိပ်တုံးထုတာ၊ CI စာအုပ်ပြုလုပ်တာတွေကို ထိုင်းနိုင်ငံအတွင်းက သက်ဆိုင်ရာ CI စင်တာမှာ လုပ်ဆောင်ရတာဖြစ်ပါတယ်။
ကိုးကား၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

Leave a Reply

Your email address will not be published. Required fields are marked *