September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ထိုင်းအစိုးရ ပြန်ပို့မယ့် MoU သက်တမ်းကုန် မြန်မာရွှေ့ပြောင်းလုပ်သား ၂ သန်းကျော် ကြီးမားတဲ့အခက်အခဲ ရင်ဆိုင်ရဖွယ်ရှိ

အောက်တိုဘာ ၁၃ ရက်
ခွန်သောမတ်စ်၊ Migrant Times
မြန်မာ့နိုင်ငံရေး မပြေလည်မှုကြောင့် ထိုင်းရောက် MoU သက်တမ်းကုန် နေရပ်ပြန်ပို့မယ့် မြန်မာရွှေ့ပြောင်းလုပ်သား ၂ သန်းကျော်ဟာ နှစ်ဖက်အစိုးရရဲ့ ကြီးမားတဲ့ အခက်အခဲတွေ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။
ထိုင်းနိုင်ငံမှာ ရောက်ရှိပြီး တရားဝင်မဟုတ်တဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ မှတ်ပုံတင်ခြင်းကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ စက်တင်ဘာလ ၂၄ ရက် ဆုံးဖြတ်ချက်အရ နိုင်ငံကူးလက်မှတ်အစား ပတ်စ်ပို့၊ စီအိုင် အသုံးပြုတဲ့ စာရွက်စာတမ်း ကိုင်ဆောင်ထားတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂ သန်းကျော်ဟာ နှစ်ဖက်အစိုးရရဲ့ လက်တွေ့မကျတဲ့ စည်းမျဉ်းတွေဖန်တီးထားမှုကြောင့် ကြီးမားတဲ့ အခက်အခဲတွေရင်ဆိုင်ရဖွယ်ရှိတယ်လို့ နိုင်ငံဖြတ်ကျော် လူဦးရေအဖွဲ့အစည်းများကွန်ရက် (Migrant Working Group – MWG) ရဲ့ ညှိနှိုင်းရေးမှူး မစ္စတာ အဒီဆွန်ကွတ်မုန်ခွန်က ပြောပါတယ်။
“တကယ်လို့ သက်တမ်းကုန် မြန်မာရွှေ့ပြောင်းလုပ်သားတွေကို နယ်စပ်ကို အများအပြားစေလွှတ်တာ၊ နိုင်ငံကို ပြန်ပို့တာဟာ လက်တွေ့မှာ အလွန်ခက်ခဲပြီး သက်တမ်းတိုးမှုဟာ အလွန်စိုးရိမ်ရပါတယ်။ မူရင်းနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် အထူးသဖြင့် မြန်မာနိုင်ငံမှာ စစ်မှုထမ်းခြင်းဆိုင်ရာ ပြဿနာတွေရှိခဲ့ပြီး အလုပ်သမားအများစုဟာ စစ်မှုထမ်းရမယ့် အရွယ်လည်းဖြစ်ပါတယ်။ ပြန်သွားတဲ့ အလုပ်သမားတွေ ပြန်မလာရင် အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု​ေတွ မဖြစ်ဖို့ ကနဦး မူရင်းနိုင်ငံ အစိုးရနဲ့ ဆက်သွယ်ပြီး စနစ်တကျ ကြိုတင်ပြင်ဆင်တာ၊ ဆက်သွယ်တာ လုပ်ဆောင်သင့်ပါတယ် “လို့ မစ္စတာ အဒီဆွန်က ပြောပါတယ်။
မြန်မာနိုင်ငံအစိုးရဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို သူတို့ရဲ့ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို အိမ်ပြန်ပို့ဖို့၊ အခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ဖို့လည်း ညွှန်ကြားထားပါတယ်။
ရွှေ့ပြောင်းအလုပ်သမား ၂သန်းကျော်နဲ့ မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း၊ စိစစ်ခြင်း၊ အတည်ပြုခြင်း စီမံကိန်းကို အချိန် ​လေးလအတွင်း ပြီးမြောက်ဖို့ ခက်ခဲကြောင်း သိရပါတယ်။
” လေးလအတွင်း လုပ်ဆောင်ချက် မပြီးရင် အလုပ်သမားတွေဟာ ချက်ချင်း တရားဥပဒေချိုးဖောက်သူတွေ ဖြစ်လာနိုင်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုရင် အလုပ်သမား အများစုဟာ တရား၀င်စနစ်ထဲကနေ ဖြုတ်ထွက်ပြီး တရားမဝင် အလုပ်သမားတွေ ဖြစ်လာမှာကို စိုးရိမ်နေပါတယ်” လို့ အဒီဆွန်က ပြောပါတယ်။
” လက်ရှိမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်အပါအဝင် ပန်းရောင်ကတ် ပြုလုပ်ဖို့ လိုအပ်သူ ရှစ်သိန်း ခန့် ရှိတဲ့အနက် လေးသိန်းခန့်သာ ဆောင်ရွက်နိုင်ပြီး ကျန်လေးသိန်းဟာ အချိန်တိုအတွင်း လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ အောက်တိုဘာလ ၃၁ ရက်မှာ အပြီးသတ် ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ ခန့်မှန်းထားပြီး အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရ ပူးပေါင်းမှု အားကောင်းဖို့ အရေးကြီးပါတယ်။ အလျင်အမြန် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ် “လို့ အဒီဆွန်က ပြောပါတယ်။
“တစ်နေရာတည်းအပြီး One-Stop Service မှာ ပြဿနာက မှီခိုသူတွေပဲ ဖြစ်ပါတယ်။ အရင်တုန်းက အခက်အခဲမှာ မှတ်ပုံတင်စနစ်က မရှင်းမလင်း ဖြစ်ပြီး အလုပ်ရှင်တွေက မှီခိုသူ ဘယ်လောက်ရှိတယ်ဆိုတာကို အစိုးရထံ အကြောင်းကြား အတည်ပြုခိုင်းပြီး အလုပ်ရှင်အများစုက အတည်မပြုနိုင်တာကြောင့် ကလေးငယ်အများစုဟာ သူတို့ မိဘတွေအုပ်ထိန်းမှု အောက်မှာ နေထိုင်ရပြီး ကျောင်းပညာရေး စာသင်ကြားမှု အခွင့်အလမ်း မရှိတာကြောင့် ကလေးတွေဟာ အစိုးရ အာဏာပိုင်တွေဆီ တင်ပြပြီး သူတို့မိဘတွေဟာ သက်သေခံကတ်ပြားတွေကို ရယူပြီး အချိန်ကာလတိုအတွင်း တစ်နေရာတည်းအပြီး One-Stop Service အနေနဲ့ လုပ်ဆောင်ဖို့ လိုအပ်ပါတယ် ” လို့ ညှိနှိုင်းရေးမှူး (MGW) က ပြောပါတယ်။
“ကျွန်တော်တို့ရဲ့ လုပ်အားခရရှိမှု၊ ၀င်ငွေအထောက်အထားနဲ့ တစ်လကို ၂၅ ရာခိုင်နှုန်း
အခွန်ပြေစာ မပြနိုင်ပါက ပိုကြောက်ရပြီး စစ်အစိုးရရဲ့အနေအထားကတော့ ရှောင်ဖို့ ဘယ်လိုမှခွင့်မပြုဘူး။ နောက်တစ်ခုကတော့ နိုင်ငံရေးအသိုင်းအဝိုင်းက ထွက်ပြေးလာတဲ့ အာဏာဖီဆန်မှု၊ လုပ်ဆောင်မှု၊ ပြည်သူတွေရဲ့ လုံခြုံရေးကိုလည်း စိတ်ပူတယ်”လို့ ရန်ကုန်သား မဲဆောက်ရောက် ကိုမောင်က ပြောပါတယ်။
ကိုးကား-matichon.co.th

Leave a Reply

Your email address will not be published. Required fields are marked *