ချင်းမိုင်မြို့တွင် အလုပ်ပါမစ်မရှိသည့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ လုပ်ကိုင်နေသည့် မြန်မာတစ်ဦးကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ကဖမ်းဆီးလိုက်သည်။
မေလ ၁ ရက်နေ့၊ နံနက်တွင် ချင်းမိုင်ခရိုင် မြို့နယ်ခွဲများ၌ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်နေကြောင်း သတင်းရရှိချက်အရ စီးပွားရေးလုပ်ငန်းများနှင့်ဆိုင်များ ကို စစ်ဆေးခဲ့သည်။
စစ်ဆေးမှုအတွင်း မြန်မာနိုင်ငံသား အမျိုးသား ၁ ဦးအား အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ လုပ်ကိုင်နေကြောင်းတွေ့ရှိပြီး ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်လူဝန်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်သည်။
၂ဝ၁၇ ခုနှစ် နိုင်ငံခြားသားများ အလုပ်အကိုင် စီမံခန့်ခွဲမှုဆိုင်ရာ အရေးပေါ်အမိန့်နှင့် ၂ဝ၁၈ ခုနှစ် ပြင်ဆင်ချက် (အမှတ် ၂) အပိုဒ် ၁၃ အရ ပြစ်မှုမြောက်သဖြင့် ဖမ်းဆီးခဲ့ကြောင်းထုတ်ပြန်ချက်ကဖော်ပြသည်။
ထိုအမျိုးသားသည် ၂ဝ၂၅ ခုနှစ် ဧပြီလအစောပိုင်းမှစ၍ စားသောက်ဆိုင်တွင် ပန်းကန်ဆေးဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်ခဲ့ကြောင်း၊ ဥပဒေနှင့်အညီ အလုပ်လုပ်ကိုင်ခွင့်ပါမစ်ကို လျှောက်ထားခြင်းမရှိကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟုသိရသည်။
ချင်းမိုင်မြို့မရဲစခန်းသို့ ပို့ဆောင်၍ ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း ချင်းမိုင်လူဝန်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်သည်။
ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့ညကလည်း ချင်းမိုင်မြို့လယ်ရှိ တရုတ်စားသောက်ဆိုင်တွင် တရားမဝင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမား ၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင် ခရီးသွားရဲတပ်ဖွဲ့မှထုတ်ပြန်သည်။