ချင်းမိုင်တွင် မြန်မာဆိုင်ရှင်နှင့် မြန်မာလုပ်သားငါးဦးကို ဖမ်းဆီး

ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် မြန်မာဆိုင်ရှင်တစ်ဦးနှင့် မြန်မာအလုပ်သမားငါးဦးကို အလုပ်ပါမစ်မရှိသည့်အတွက်ဖမ်းဆီးလိုက် ကြောင်းချင်းမိုင်လူ၀င်မူကြီးကြပ်ရေးဌာန ကထုတ်ပြန်သည်။

၂၀၂၅ ခုနှစ် မေလ ၂ ရက်နေ့တွင်ရဲတပ်ဖွဲ့နှင့်ချင်းမိုင် လူဝင်မှုကြီးကြပ်ရေး စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ချင်းမိုင်မြို့နယ်၊ချင်းဖူရပ်ကွက်ရှိအဆောက်အအုံများကို နိုင်ငံခြားသားများ တရားမဝင် အလုပ်လုပ်နေသည်ဟူသော သတင်းများ လက်ခံရရှိခြင်းကြောင့်စစ်ဆေးခဲ့ ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

စစ်ဆေးမှုရလဒ်အနေဖြင့် မြန်မာနိုင်ငံသား အလုပ်ရှင်တစ်ဦးနှင့်မြန်မာအလုပ်သမား၅ ဦးအားနိုင်ငံခြားသားများ အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်းဖြင့်ဖမ်းဆီးခဲ့ ကြောင်းသိရသည်။

နိုင်ငံခြားသားအလုပ်သမားများ စီမံခန့်ခွဲရေးဆိုင်ရာ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ် ဒုတိယပြင်ဆင်ချက် အပိုဒ် ၈ နှင့် ၉ တို့အား ချိုးဖောက်ရာရောက်သည်ဟုလည်းဆိုသည်။

သံသယရှိသူ မြန်မာနိုင်ငံသား ၂ ဦးမှ ၅ဦးခန့်သည် ဆိုင်တစ်ခုတွင် စားပွဲထိုးများနှင့် မီးဖိုခန်းလက်ထောက်များအဖြစ် တစ်နှစ်ခန့် အလုပ်လုပ်ကိုင်ခဲ့ကြောင်း ဝန်ခံခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင်ရေးသားသည်။

ပထမသံသယရှိသူမှာ ၎င်းတို့၏အလုပ်ရှင်ဖြစ်ပြီး တရားဝင်အလုပ်လုပ်ခွင့်ပါမစ်များ ရယူထားခြင်းမရှိဘဲ လုပ်အားခ ပေးခဲ့ကြောင်း ဖော်ပြခဲ့သည်။

စုံစမ်းစစ်ဆေးရေးအရာရှိများသည် သံသယရှိသူများအား ချင်းဖူ ရဲစခန်းရှိ စုံစမ်းစစ်ဆေးရေးအရာရှိများထံ လွှဲပြောင်းထားပြီးဥပဒေရေးရာဆောင်ရွက်ချက်များပြုလုပ်မည်ဖြစ် ကြောင်းသိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့ညကလည်း ချင်းမိုင်မြို့လယ်ရှိ တရုတ်စားသောက်ဆိုင်တွင် တရားမဝင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမား ၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင် ခရီးသွားရဲတပ်ဖွဲ့မှထုတ်ပြန်သည်။

Photo – Chiang Mai Immigration

သတင်း – Migrant Times

Similar Posts