တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၂ ဦးနှင့် ပို့ဆောင်သည့် မြန်မာလင်မယားကို ထိုင်းရဲဖမ်းဆီး

ခွန်သောမတ်စ်
မေ ၇ ။ Migrant Times ။
ထိုင်းနိုင်ငံ တောင်ပိုင်းဒေသ ဆုန်ခလာမြို့တွင် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၂ ဦးနှင့် ဌင်းတို့အား ကားနှစ်စီးဖြင့် ပို့ဆောင်သည့် မြန်မာလင်မယားကို အမှတ် ၄ဝ၈ အဝေးပြေးလမ်းမကြီး စစ်ဆေးရေးဂိတ်တွင် မေလ ၆ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ဆုန်ခလာ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့မှ သိရသည်။
မြန်မာလင်မယားသည် မြန်မာနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်အလုပ်သမား(၁၂)ဦးကို စူရသ်ထနီ (Surat Thani) ကားဂိတ်မှ လက်ခံခဲ့ကြောင်း ၊ ဆုန်ခလာ ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုသို့ ခြောက်ဦးစီခွဲကာ ကားနှစ်စီးဖြင့် ပို့ဆောင်ရန်အတွက် တစ်ဦးလျှင် ပို့ဆောင်ခ ဘတ်ငွေ ၁၅ဝဝ ရရှိခဲ့သည်ဟု လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ထံ ဝန်ခံခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသော ရွှေ့ပြောင်းအလုပ်သမား (၁၂) ဦးသည် မေလ ၄ ရက်နေ့တွင် ကန်ချနဘူရီနယ်စပ်မှတစ်ဆင့်တရားမဝင် ဝင်ရောက်ခဲ့သည့် အတွက် ထိုင်းနိုင်ငံတွင်း ခိုးဝင်မှု ၊မြန်မာယာဉ်မောင်း (၂) ဦးကို ကန့်သတ်နယ်မြေ ကျော်လွန်ပြီး ခရီးသွားလာမှု၊ သတ်မှတ်ကာလကျော်လွန်နေထိုင်မှု များဖြင့်အသီသီး တရားစွဲဆိုကာ ဥပဒေအရ အရေးယူဆောင်ရွက်ပြီး မူလနိုင်ငံသို့ ပြန်လည် ပို့ဆောင်သွားမည် ဖြစ်ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။
သတင်း – Migrant Times
ကိုးကား၊ဓာတ်ပုံ – 7HD