September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ထိုင်းနယ်စပ်ကို လမ်းလျှောက်ဝင်သည့် မြန်မာနှစ်ဦး ထိန်းသိမ်းခံရ

ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်အတွင်းသို့ လမ်းလျှောက်ဝင်လာသည့် မြန်မာအမျိုးသား နှစ်ဦးအား မေလ ၈ ရက်နေ့ည၌ စစ်ဆေးရေးဂိတ်တွင် ထိန်းသိမ်းခဲ့ကြောင်း ထိုင်းစစ်ဆင်ရေးအထူးတပ်ဖွဲ့ (၃၅)မှထုတ်ပြန်သည်။

ဌင်းအမျိုးသား နှစ်ဦးသည် တာ့ခ်ပြည်နယ်၊ မေရမတ်ခရိုင်၊ ခါနယ်ဂျူး မြို့နယ်၊ ရာန်ဖလာ ကျေးရွာ အနီး ၁၁၇၅ လမ်းမကြီးပေါ်ရှိ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးထိန်းသိမ်းခံရကြောင်း သိရသည်။

စစ်ဆေးစဉ်အတွင်း မြန်မာအမျိုးသား နှစ်ဦးသည် မည်သည့်အထောက်အထားမှ မပါသည့်အတွက် ဥပဒေအရ ဆက်လက်အရေးယူရန် မေရမတ် ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ မေလ ၈ ရက်နေ့ည ၈:၃၀ နာရီခန့်တွင် ကလေးငယ်ပါဝင်သည့် မြန်မာအလုပ်သမား ၁၅ ဦးသည် တက်ခ်ပြည်နယ်၊ မေရမတ်ခရိုင်၊ မေဂျာရောမြို့နယ်နယ်စပ်မှတဆင့် ထိုင်းနိုင်ငံတွင်း တရားမဝင်ဝင်ရောက်ခဲ့သည့်အတွက် ဖမ်းဆီးကာ မေရမတ် ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ထိုင်းစစ်ဆင်ရေးအထူးတပ်ဖွဲ့ (၃၅)မှထုတ်ပြန်သည်။

သတင်း – Migrants Time

ဓာတ်ပုံ – ထိုင်းစစ်တပ်