September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ထိုင်းနိုင်ငံ နွန်ထဘူရီတွင် မြန်မာစုံတွဲတစ်တွဲ လမ်းပေါ်၌ သေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် အနီးရှိ နွန်ထဘူရီခရိုင်တွင် မြန်မာစုံတွဲတစ်တွဲသည် ယာဉ်မတော်တဆမှုကြောင့် လမ်းပေါ်တွင် သေဆုံးခဲ့ကြောင်း ပက်ကရက်(Pak Kret)ရဲစခန်းမှ ထုတ်ပြန်သည်။

ပက်ကရက်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မေလ ၁ဝ ရက်နေ့ ညနေပိုင်း မိုးသည်းထန်စွာ ရွာသွန်းနေချိန်တွင် အသက် ၃၈ နှစ်အရွယ် အမျိုးသားနှင့် ၃၅ နှစ်အရွယ် အမျိုးသမီး မြန်မာစုံတွဲတစ်တွဲသည် လမ်းပေါ်တွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီး ယာဉ်မတော်တဆမှုကို စုံစမ်းစစ်ဆေးခဲ့သည်။

ဌင်းတို့အနီးတွင် ဟွန်ဒါ ဆိုင်ကယ်တစ်စီးကို တွေ့ရှိခဲ့သော်လည်း အခြားယာဉ်များမရှိခဲ့ပဲ မျက်မြင်သက်သေတစ်ဦး၏ ကားဒက်ရှ်ဘုတ် ကင်မရာ မှတ်တမ်းများကို စစ်ဆေးကြည့်ရာတွင် မြန်မာစုံတွဲ၏ ဆိုင်ကယ်သည် လမ်းချော်လဲကျခဲ့သည်ကိုတွေ့ရှိခဲ့သည်။

ဆိုင်ကယ်သည် လမ်းချော်လဲကျခဲ့သည့်အချိန်တွင် ဆန့်ကျင်ဘက် ဦးတည်ရာမှ မောင်းလာသော ပစ်ကပ်ကားတစ်စီးက တိုက်မိခဲ့ပြီး ထိုကားသည် ရပ်တန့်ခြင်းမရှိဘဲ မောင်းပြေးသွားကြောင်း တွေ့ရှိခဲ့သည်။

ရဲတပ်ဖွဲ့သည် သတင်းအကြောင်းကြားရန်အတွက် သေဆုံးသွားသည့် မြန်မာစုံတွဲ၏ သမီးဖြစ်သူကို ဆက်သွယ်ခဲ့ပြီး ပစ်ကပ်ကားမောင်းသူကို ပတ်ဝန်းကျင်ရှိ CCTV မှတ်တမ်းများမှတစ်ဆင့် စစ်ဆေးရန်ရှာဖွေနေကြောင်း ပက်ကရက်ရဲစခန်းမှ ထုတ်ပြန်သည်။

News – Migrant Times
Ref/Photo – Khaosod