September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

စိုင်းဟန်ဆိုသူကို လူသတ်မှုဖြင့် ထိုင်းရဲ ဝရမ်းထုတ်

သတင်းပေးနိုင်သူအား ဘတ် ၂ဝ,ဝဝဝ ဆုကြေးငွေ ချီးမြှင့်မည်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အသက် ၇ဝ အရွယ်ရှိထိုင်းလူမျိုးအား သတ်ဖြတ်မှုဖြင့် စိုင်းဟန်ဆိုသူကို လူသတ်မှုဖြင့် ထိုင်းရဲတပ်ဖွဲ့က မေလ ၁ဝ ရက်နေ့တွင် ဝရမ်းထုတ်ခဲ့သည်။

မြန်မာနိုင်ငံသား အသက် ၂၃ နှစ်အရွယ် မစ္စတာ စိုင်းဟန်ကို ဖမ်းဆီးနိုင်ရေးအတွက် သတင်းပေးနိုင်သူအား ဘတ် ၂ဝ,ဝဝဝ ဆုကြေးငွေ ချီးမြှင့်မည်ဖြစ်ကြောင်း ဘန်ကောက်မြို့၊ ဖက်ချ်ကာဆင်ရဲစခန်းမှ စခန်းမှူး ရဲမှူးကြီး ပရာမုတ်ချန်ဘွန်ခဲဝ်က ကြေညာသည်။

ရဲတပ်ဖွဲ့က စိုင်းဟန်၏ ဇနီးဖြစ်သူအားမေးမြန်းချက်အရ စိုင်းဟန်သည် ဘန်ခဲမြို့နယ်ရှိ သူမအလုပ်ရှင်၏ နေအိမ်တွင် သူမအား အန္တရာယ်ပြုရန်လာရောက်ခဲ့သည်။

သူမ၏အလုပ်ရှင်မှ ကာကွယ်ရန်အတွက် စိုင်းဟန်နှင့် တွေ့ဆုံခွင့်မပြုဘဲ သေနတ်ဖြင့် ခြိမ်းခြောက်ခဲ့သည်။

စိုင်းဟန်က သေနတ်ရရှိရန် အလုပ်ရှင် မစ္စတာ ယုထရိုချ်နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ရာမှ သေနတ်ကျည်ထွက်ကာ အလုပ်ရှင်အား သေဆုံးစေခဲ့ကြောင်းသိရသည်။

ထို့နောက် စိုင်းဟန်သည် အရှေ့ဘက်တွင် နံပါတ်ပြားမပါသော မီးခိုးရောင် ဟွန်ဒါ CR-V ကားဖြင့် ထွက်ပြေးခဲ့ကြောင်း ဖက်ချ်ကာဆင်ရဲစခန်းမှထုတ်ပြန်သည်။

သတင်း – Migranttimes
Ref/Photo – Khaosod