ထိုင်းတောင်ပိုင်းတွင် မက်သဖက်တမင်း ရောင်းချနေသော မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီး

ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဖန်ငပြည်နယ်အတွင်းတွင် မူးယစ်ဆေးဝါးတစ်မျိုးဖြစ်သည့် မက်သဖက်တမင်း ရောင်းချနေသော မြန်မာနိုင်ငံသား ၃ ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း Andamanfocus သတင်းတွင်ဖော်ပြသည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့ ညတွင် ဖန်ငပြည်နယ် အုပ်ချုပ်ရေးဌာန အထူးစစ်ဆင်ရေးအဖွဲ့မှ လမ်ကန်ရပ်ကွက်၌ မက်သဖက်တမင်း ရောင်းချနေသော မြန်မာနိုင်ငံသား ၃ ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းအရသိရသည်။

မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးအား မက်သဖက်တမင်း ၂ ထုပ်၊ စုစုပေါင်း အလေးချိန် ၂.၃ ဂရမ်နှင့်အတူ ဖမ်းဆီးနိုင်ခဲ့ပြီး ခွင့်ပြုချက်မရှိဘဲ မက်သဖက်တမင်း ရောင်းဝယ်ခြင်းနှင့် သုံးစွဲခြင်းဟူသော စွဲချက်ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

လမ်ကန်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့မှဆက်လက်ပြီး Thai Mueang မြို့နယ်၊ လမ်ကန်ရပ်ကွက်၊ အမှတ် ၅ ကျေးရွာရှိ အငှားအိမ်တစ်လုံးကို ဝင်ရောက်စစ်ဆေးခဲ့ရာ နောက်ထပ် အမျိုးသား ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

၎င်းတို့မှာ အသက် ၂၇ နှစ်ရှိ မြန်မာနိုင်ငံသား နှင့် အသက် ၂၀ နှစ်ရှိ မြန်မာနိုင်ငံသားတို့ဖြစ်ပြီး မက်သဖက်တမင်း ၄ ထုပ်၊ စုစုပေါင်း အလေးချိန် ၅.၉ ဂရမ် နှင့်အတူ တွေ့ရှိရကြောင်း လမ်ကန်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့မှသိရသည်။

မြန်မာနိုင်ငံသား ၃ ဦးအား ဖန်ပြည်နယ် အမှတ် (၈) နယ်မြေခံတပ်ခွဲသို့ ခေါ်ဆောင်ကာ ဖမ်းဆီးခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် Thai Mueang ရဲစခန်းထံ လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။

News – Migrant Times

Ref/Photo – Andamanfocus

Similar Posts