ချန်းရိဖိနပ်စက်ရုံအလုပ်သမားများ ဆက်လက်ဆန္ဒထုတ်ဖော်

ရန်ကုန်တိုင်း ၊ လိူင်သာယာမြို့နယ်ရှိ ချန်းရိ Adidas ဖိနပ်စက်ရုံရှိ အလုပ်သမားများ လုပ်ခလစာတိုးမြှင့်ရရှိရေးအတွက် မေလ ၁၉ ရက်နေ့တွင် ဆက်လက် ဆန္ဒပြနေကြသည်။

တစ်ရက်လျှင် လုပ်အားခ ၁၂ဝဝဝကျပ် ရရှိရေး အလုပ်သမားထောင်ချီက ဆန္ဒပြတောင်းဆိုနေကြကြောင်း အလုပ်သမားတစ်ဦးက တစ်တော့ လူမှုကွန်ရက်တွင် ရုပ်သံဖိုင်နှင့်တကွ တင်ထားသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့မှစတင်ကာ ချန်းရိဖိနပ်စက်ရုံ အလုပ်သမား ၆ဝဝဝ ကျော်သည် လုပ်ခလစာတိုးမြှင့်ရရှိရေး ဆန္ဒပြနေခြင်းဖြစ်သည်။

အလုပ်သမားများ၏ ဆန္ဒပြမှုအပေါ် မေလ ၁၈ ရက်နေ့တွင် စက်ရုံဘက်မှ တစ်ရက်လျှင် စုစုပေါင်း လုပ်အားခ ၈၅ဝဝ ကျပ်ဝန်း ကျင်တိုးပေးမည်ဟု စက်ရုံအလုပ်သမားကိုယ်စားလှယ်အချို့နှင့် သဘောတူညီမှု စာချုပ်များ ချုပ်ဆိုခဲ့သည်။

သို့သော်လည်း စာချုပ်ချုပ်ဆိုသည့် စက်ရုံအလုပ်သမားကိုယ်စား လှယ်အချို့သည်အလုပ်သမား အားလုံး၏ ဆန္ဒကိုကိုယ်စား မပြုခြင်း ၊ သဘောတူညီခြင်းမရှိသည့်အတွက် ယနေ့တွင် ဆက်လက် ဆန္ဒပြကြခြင်းဖြစ်ကြောင်း သိရသည်။

ချန်းရိဖိနပ်စက်ရုံသည် လှိုင်သာယာအနောက်ပိုင်း၊ အပြင်ပဒံရပ်ကွက်တွင် တည်ရှိပြီး အလုပ်သမား ၆ဝဝဝ ကျော်လုပ်ကိုင်နေသည်။

Photo – screenshot/tiktok

Similar Posts