ထိုင်း-မြန်မာနယ်စပ်တွင် တရားမဝင်ဝင်ရောက်သည့် မြန်မာ ၉ ဦးဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းတွင် ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၉ ဦးကို ဖမ်းမိခဲ့ကြောင်း ရာချာမာနူးတပ်ခွဲ (Rachamanu Task Force) မှ သိရသည်။

ရာချာမာနူးမှ တပ်သားများသည် ယနေ့ မေလ ၁၈ ရက်နေ့တွင် တာ့ခ်ခရိုင် (Tak Province)၊ ဖုတ်ဖရားမြို့နယ်၊ ဗယ်လီကျေးရွာအုပ်စု ၊ ဗန်ဗယ်လီမြောက်ရွာအနီး၌ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ မှောင်ခိုသယ်ယူလာသည့် ယာဉ်တစ်စီးကို ကြားဖြတ်ဟန့်တားခဲ့ပြီး အသက် ၁၉ နှစ်မှ ၃၆ နှစ်ကြား မြန်မာနိုင်ငံသား ၉ ဦးနှင့် အသက် ၂၉ နှစ်အရွယ် ထိုင်းယာဉ်မောင်းတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းကရေးသားသည်။

ယာဉ်မောင်းမှ မြန်မာနိုင်ငံသားများကို ဘန်မော်ကဲထိုင်း (Ban Mor Ker Thai) ရှိ နယ်စပ်အနီးမှ လာရောက်ခေါ်ဆောင်ခဲ့ပြီး ၎င်းတို့ကို ဖုတ်ဖရားခရိုင်၊ ခီရီရတ်ကျေးရွာအုပ်စု (Khiri Rat Subdistrict) သို့ ပို့ဆောင်ရန် စီစဉ်ထားကြောင်း ဝန်ခံခဲ့သည်။

မြန်မာနိုင်ငံသား ၉ ဦးသည် ဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံအတွင်းပိုင်းဒေသများတွင် အလုပ်အကိုင်ရှာဖွေရန် နယ်စပ်မှဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူအားလုံးကို ဥပဒေအရ ဆက်လက်ဆောင်ရွက်နိုင်ရန် ဖုတ်ဖရားရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း ရာချာမာနူးတပ်ခွဲ (Rachamanu Task Force) မှ သိရသည်။

News – Migrant Times
Ref/Photo – Khaosod

Similar Posts