အယုဒ္ဓယတွင် အထောက်အထားမရှိသည့် မြန်မာ ၅ ဦးထိန်းသိမ်းခံရ

ထိုင်းနိုင်ငံ၊ အယုဒ္ဓယနယ်မြေတွင် အယုဒ္ဓယ အဝေးပြေးလမ်းမ ရဲတပ်ဖွဲ့မှ ကားတစ်စီးကို တားဆီးစစ်ဆေးရာ တရားမဝင် မြန်မာလုပ်သား ၅ ဦးကို တွေ့ရှိခဲ့သည့်အတွက် ထိန်းသိမ်းခဲ့ကြောင်း အဝေးပြေးလမ်းမ ရဲတပ်ဖွဲ့မှယနေ့(ဇွန်လ၁၀ရက်)ထုတ်ပြန်သည်။

ကားသမား၏ ထွက်ဆိုချက်အရ မြန်မာနိုင်ငံသားတစ်ဦးက စူဖန်ဘူရီမှ အလုပ်သမားများကို ပထုမ်ဌာနီသို့ ပို့ဆောင်ပေးရန် ငှားရမ်းခဲ့ခြင်းဖြစ်ပြီး တစ်ဦးလျှင် ဘတ် ၇၀၀ နှုန်းဖြင့် အခကြေးငွေ ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသား ၅ ဦးသည် စာရွက်စာတမ်း အထောက်အထားများမရှိပဲ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်မှတစ်ဆင့် လှေဖြင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခဲ့ကြပြီးနောက် ကားဖြင့် ဆက်လက်ခရီးနှင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

၎င်းတို့ကို အယုဒ္ဓယခရိုင်၊ ဘန်ပါဟန်မြို့နယ် ရဲစခန်းသို့ ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် လွှဲပြောင်းပေးခဲ့ကြောင်း အဝေးပြေးလမ်းမ ရဲတပ်ဖွဲ့မှထုတ်ပြန်သည်။

Similar Posts