September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
နိုင်ငံရေး သတင်း

အနုတင် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ် ဖြစ်လာ

စက်တင်ဘာ ၅ ၊ Migrant Times ။

ထိုင်းနိုင်ငံတွင် ယနေ့ လွှတ်တော်တွင်း ကျင်းပသည့် ဝန်ကြီးချုပ် မဲပေးရွေးချယ်ပွဲ၌ ဘုံဂျိုင်ထိုင်းပါတီခေါင်းဆောင် အနုတင် ချန်ဗီရာကူလ်သည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ် ဖြစ်လာကြောင်းထိုင်းသတင်းကဖော်ပြသည်။

အနုတင် ချာရန်ဗီရာကူလ်သည် ထိုင်းနိုင်ငံ၏ ၃၂ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာရန် လိုအပ်သော မဲအရေအတွက် ၂၄၇ မဲထက် ကျော်လွန်ပြီး မဲများရရှိခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

ပြည်သူ့ပါတီ၏ ထောက်ခံမှုရရှိထားသော အောင်မြင်သည့် ညွန့်ပေါင်းအဖွဲ့အား ဦးဆောင်ပြီးနောက် ဘုံဂျိုင်ထိုင်းပါတီခေါင်းဆောင် အနုတင် ချန်ဗီရာကူလ်သည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါမဟာမိတ်အဖွဲ့သည် ဖျူထိုင်းပါတီမှ ကိုယ်စားလှယ်လောင်း ချိုင်းကာဆမ် နီတီဆီရီအား အနိုင်ယူခဲ့ပြီး အနုတင်အား အစိုးရအဖွဲ့သစ် ဖွဲ့စည်းနိုင်ရန် အခွင့်အရေးရရှိစေခဲ့ကြောင်း ထိုင်းသတင်းကရေးသားသည်။

အနုတင်အား ရာထူးတရားဝင်လက်ခံပြီး အစိုးရအဖွဲ့သစ်ဖွဲ့စည်းခြင်းမပြုမီ ဘုရင့်နန်းတော်၏ တရားဝင်ထောက်ခံမှုကို လွှတ်တော်ဥက္ကဋ္ဌ ဝမ်မိုဟာမက်နော်မာသာက ရှာဖွေသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

Photo – Khaosod

ယနေ့ နံနက်တွင် လွှတ်တော်သို့လာရောက်ခဲ့သည့် အနုတင် ချန်ဗီရာကူလ်။

#Migranttimes

#ထိုင်း

#thailand

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes