September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
နိုင်ငံရေး သတင်း အလုပ်သမား သတင်း

အလုပ်သမားအရေး လုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အာမခံလျှောက်ထားမှုအပေါ် တရားရုံးပလပ်

စက်တင်ဘာ ၉ ၊ Migrant Times ။

သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချူပ် (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး နှင့် အဖွဲ့ဝင် ၇ ဦး

တို့၏ သီးခြား တစ်မှုစီ အာမခံလျှောက်ထားမှုအပေါ် ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့တွင်

ရန်ကုန်တိုင်း ၊ ရွှေပြည်သာ မြို့နယ်တရားရုံးက ပလပ်လိုက်ကြောင်း STUM ကထုတ်ပြန်သည်။

အာမခံလျှောက်ထားမှုအပေါ် ရုံးထိုင်တရားသူကြီးက ကြားနားပြီး ပလပ်ကြောင်း အမိန့်ချမှတ်ခဲ့ပြီး ရုံးရှေ့အမှုမှ တရားလိုအား အမှု ၈ မှုအတွက် စစ်ဆေး ကြားနာခဲ့ကြောင်း သိရသည်။

ရုံးထုတ်မှု အား STUM အဖွဲ့ကို Migrant Times ကဆက်သွယ်မေးမြန်းခဲ့ပြီး ဒေါ်မျိုးမျိုးအေး ၏ ရှေ့နေကပေးပို့သည့် အချက်များကိုသာသိကြောင်း STUM တာဝန်ရှိသူကပြောသည်။ ဒေါ်မျိုးမျိုးအေး နှင့် အဖွဲ့ဝင် ၇ ဦးအမှုနှင့်ပတ်သက်ပြီး စက်တင်ဘာလ ၁၅ ရက်နေ့တွင် တရားလိုပြသက်သေများအား စစ်ဆေးရန် ရုံးချိန်း ချိန်းဆိုခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို ၎င်း၏နေအိမ်၌ ပြီးခဲ့သည့် ဇူလိူင်လ ၂၅ ရက်နေ့ညတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၎င်းနောက် STUM ဝန်ထမ်း ၁ဝ ဦးကို ဇူလိူင်လ ၂၆ ရက်မှ ၂၈ ရက်အတွင်း ထပ်မံဖမ်းဆီးခဲ့သည်။

ထို့နောက် ဩဂုတ်လ ၁၈ ရက်နေ့တွင် ဒေါ်မျိုးမျိုးအေးနှင့် အဖွဲ့ကို ရွှေပြည်သာမြို့နယ် တရားရုံးတွင်ရုံးထုတ်ပြီးနောက် ခြေချုပ်နှင့် ခံဝန် အက်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ) ဖြင့် သီးခြား(တစ်မှုချင်းစီ) တရားစွဲတင်ပြီး ရန်ကုန်မြို့ ၊ အင်းစိန်အကျဉ်းထောင်ရှိ အချုပ်ဆောင်ကိုပို့ဆောင်ခဲ့ကြောင်း STUM ကထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ – STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး။

#Migranttimes

#အလုပ်သမား

#STUM

#ရန်ကုန်

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes

TikTok https://www.tiktok.com/@migranttime