စက်တင်ဘာ ၂၂ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ ခွန်ကဲန်ပြည်နယ် ၊ ခွန်ကဲန်မြို့တွင် ATM ငွေထုတ်စက်တစ်လုံး ခိုးယူမှုနှင့်ပတ်သက်ပြီး နယ်သာလန်နိုင်ငံသား ဒတ်ခ်ျလူမျိုးတစ်ဦးအား စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ရဲတပ်ဖွဲ့အဆိုအရ ဆိုက်ဆီဟုအမည်ရသည့် ဒတ်ခ်ျလူမျိုးသည် ဘဏ်တစ်ခု၏ ATM စက်အား သံကြိုးများဖြင့် ပတ်ကာ ပစ်ကပ်ကားနှင့်မီတာ ၂၀ (၆၅ ပေ)ခန့်အထိ ဆွဲယူလာခဲ့ပြီး ဗန်ထုမ်ရပ်ကွက်၊ မာလီဝမ်လမ်း၌ ပုန်းအောင်းနေချိန်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။
ဒတ်ခ်ျလူမျိုးသည် ထိုင်းနိုင်ငံတွင် ၆ နှစ်ကြာ နေထိုင်ခဲ့ပြီးသူ၏ အသက် ၃၇ နှစ်အရွယ် ထိုင်းအမျိုးသမီးအား ဘတ်ငွေ ၁ဝ သန်းပေးခဲ့ကာ စားသောက်ဆိုင်ဖွင့်လှစ်ခဲ့ကြောင်း၊ ATM စက်ခိုးမှုမဖြစ်ခင်တွင် သူ၏ အမျိုးသမီးနှင့် ငွေရေးကြေးရေး အငြင်းပွားမှုများရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
ဒတ်ခ်ျလူမျိုးအား ATM စက်ခိုးယူမှုဖြင့်အရေးယူမည်ဖြစ်ပြီး ကျုးလွန်ခဲ့သည့် အပေါင်းအပါများ ရှိ၊မရှိ ဆက်လက်စုံစမ်းနေကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။
Photo – Bangkok Post