နိုဝင်ဘာ 4, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

ထိုင်းမှာ CI စာအုပ်သက်တမ်းတိုးရာတွင် သတ်မှတ်နူန်းထက် ပိုပေးနေရ

နိုဝင်ဘာ ၁ ၊ Migrant Times ။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် – CI စာအုပ်လှဲလှယ် သက်တမ်းတိုးချိန်တွင် သတ်မှတ်နူန်းထက် အကျိုးဆောင်များအား ပိုပေးနေရကြောင်း ရွှေ့ပြောင်းအလုပ်သမား အချို့ကပြောကြားသည်။

CI စာအုပ် သက်တမ်းတိုးရန် လျှောက်ထားခ ဘတ် ၂,၆၇ဝ သာ ကုန်ကျမည်မည်ဟု အလုပ်သမားဌာနက ထုတ်ပြန်ထာသော်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ပွဲစားများနှင့်သာပြုလုပ်ရသည့်အတွက် ပိုမိုကုန်ကြခြင်းဖြစ်သည်။
“CI လဲတာ အားလုံးပေါင်းစျေးကတော့ ဘတ် ၇,၅ဝဝ ကုန်တယ် ။ ပွဲစားနဲ့လုပ်တာ ဆုရတ်ဌာနီကိုသွားလုပ်ရတယ်။ ကျွန်တော်တို့ကတော့ နဲနဲမြန်တယ် ကျော်လုပ်လိုက်တော့ သိမ့်မစောင့်ရဘူး။ မိုးလင်းသွား ညနေပြန်ပဲ။အဲ့နေ့ကဆိုရင် လူ ၂ဝဝ ၊၃ဝဝ လောက်ရှိတယ် ”ဟု‌ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက Migrant Times ကိုပြောသည်။

နောက်ထပ် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးကလည်း
“ဆဲလ်ဗင်းမှာ သွားသွင်းတာကတော့ ဘတ် ၂၇၅၀ သွင်းရတယ်။ စူရတ်ကိုသွားတုန်းက ကားတွေ အကြီးကြီးတွေနဲ့ လာကြတာ ၅ စီးလောက်တွေခဲ့ရတယ်။ မြန်မာတွေကတော့ အများကြီးပဲ။အလုပ်သမားတွေ အတွက်တော့ ကောင်းတာပေါ့နော်”ဟု ‌Migrant Times ကိုပြောသည်။

ထိုင်းတွင် CI စာအုပ်သက်တမ်းတိုးရန်အတွက် စမွတ်စခွန်၊ စမွတ်ပရာကန်၊ စူရတ်ဌာနီ၊ ချင်းမိုင်နှင့် ကရာဘီခရိုင်များတွင် ယခုနှစ် ဩဂုတ်လ ၆ ရက်မှစတင်ကာ Mobile Unit စင်တာများကိုဖွင့်လှစ်ထားသည်။ ၎င်းစင်တာများအား မြန်မာဘက်မှ ဒီဇင်ဘာလ ၂၁ ရက်ထိ တို့းမြှင့်ပေးမည်ဟု ထိုင်းအလုပ်သမားရေးရာဌာနက စာထုတ်ပြန်ထားသည်။

မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity ) CI စာအုပ်သည် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ကိုင်ဆောင်ထားသော ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် ယာယီထုတ်ပေးထားသည့် အစိမ်းရောင်စာအုပ်ဖြစ်သည်။

CI စာအုပ်အား ၂၀၁၃ ခုနှစ်မှစတင်ကာ မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားမရှိသည့် ထိုင်းနိုင်ငံရောက် မြန်မာများအား မြန်မာ-ထိုင်း နှစ်နိုင်ငံညှိနှိုင်းကာ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၊ အလုပ်သမား ဝန်ကြီးဌာန၏ ယခုနှစ် မေလ ၂၈ ရက်နေ့ထုတ်ပြန်ချက်အရ မြန်မာအလုပ်သမား(၁.၈)သန်းခန့် အား ယခုတစ်ကြိမ်တွက် CI သက်တမ်းတိုးလုပ်ငန်းစဉ်ကို ဆောင်ရွက်ပေးမည်ဖြစ်သည်။