နိုဝင်ဘာ 4, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

ကော့တောင်ကျွန်းမှာ မြန်မာရွှေ့ပြောင်းတွေ ကျွန်းသန့်ရှင်းရေး ပြုလုပ်

နိုဝင်ဘာ ၃ ၊ Migrant Times ။

ထိုင်းနိုင်ငံတောင်ပိုင်း၊ဆူရတ်ဌာနီခရိုင် ၊ ကော့တောင်ကျွန်းခေါ် လိပ်ကျွန်းတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများက နိုဝင်ဘာလ ၁ရက်နေ့၌ ကျွန်းသန့်ရှင်းရေး ပြုလုပ်ခဲ့သည်။

ကျွန်းသန့်ရှင်းရေးကို လစဉ် ၁ ရက်နေ့တိုင်း ပြုလုပ်နေခြင်းဖြစ်ပြီး ဒေသခံထိုင်း လူမျိုးများ၊ စည်ပင်ဌာနတာဝန်ရှိသူများနှင့်အတူ ပြုလုပ်ခဲ့ကြောင်း ကော့တောင် မြန်မာကွန်မြူနတီ (Koh Tao Myanmar Community – KTMC) အဖွဲ့မှသိရသည်။

“ထိုင်းတွေနဲ့ ပူးပေါင်းပြီး လုပ်နေကြဖြစ်တဲ့ ကျွန်းမှာရှိတဲ့အမှိုက်တွေလိုက်ကောက်တယ်။ ပြီးတော့ ရေမြောင်းတွေမှာရှိတဲ့ သဲတွေအမှိုက်တွေကို ဆယ်ယူခဲ့ကြတယ်”ဟု KTMC အဖွဲ့ခေါင်းဆောင် ကိုဂျက်က Migrant Times ကိုပြောသည်။

နိုဝင်ဘာလ ၁ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် ကော့တောင်ကျွန်းသန့်ရှင်းရေးတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀ ဦး‌ ကျော် ပါဝင် ခဲ့ကြောင်းသိရသည်။

Photo – KTMC