နိုဝင်ဘာ 5, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

ကန်ချနပူရီနယ်စပ်တွင် မြန်မာလုပ်သား ၂၅ ဦးဖမ်းဆီးခံရ

အောက်တိုဘာ ၄ ၊ Migrant times ။

ထိုင်းနိုင်ငံ ၊ ကန်ချနပူရီ ၊ဆိုင်ရွတ် (Sai Yok) ခရိုင်၊ ခေါဝ်ခဲ (Khao Khae) ဘုန်းကြီးကျောင်းရှေ့ရှိ ဓာတ်ဆီဆိုင်ဟောင်းတွင် ပစ်ကပ်ကားတစ်စီးကို စစ်ဆေးရာ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား၂၅ ဦး ကို တွေ့ရှိခဲ့သည့်အတွက် နယ်စပ်တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းက ယနေ့ဖော်ပြသည်။

၎င်းတို့သည် နခွန်ပထုန် (Nakhon Pathom) နှင့် စမွတ်စခွန် (Samut Sakhon) ခရိုင်များတွင် အလုပ်လုပ်ရန် နယ်စပ်မှ ဝင်ရောက်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၂၅,၀၀၀ ပေးဆောင်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။

နိုဝင်ဘာလ ၂ ရက်နေ့တွင်လည်း ထိုင်းနိုင်ငံ ၊ ချွန်ဖွန်ခရိုင်၊ မူးအန်မြို့နယ်၊ အာရှလမ်းပေါ်တွင် ကားတစီးအတွင်းမှ မြန်မာ ရွှေ့ပြောင်းလုပ်သား ၁၆ ဦးအား ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းက ဖော်ပြသည်။

ယမန်နေ့ နိုဝင်ဘာလ ၃ ရက်နေ့၊ နံနက်၌ ချွန်ဖွန်ခရိုင်အတွင်းတွင် ထိုင်းရွာသူကြီးနှင့်တရားမဝင်လိုက်ပါလာသည့် မြန်မာလုပ်သား ၃၆ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ထိုင်းသတင်းများ ဖော်ပြချက်အရ အောက်တိုဘာလအတွင်း နယ်စပ်မှ ခိုးဝင်ရောက်သည့် မြန်မာနိုင်ငံသား ၇ဝဝ ဦးထက်မနည်း ဖမ်းဆီးခြင်း ခံခဲ့ရသည်။

Photo – ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี