နိုဝင်ဘာ 7, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ထိုင်း မီးပုံးပျံပွဲနှင့် လွိုင်ကထုန် ရေမျှောပွဲတော် ASIA Records ဆုရ

Launching lanterns into the sky to worship the gods in Yi Peng Festival at Lanna Dhutanka, Chiang Mai

နိုဝင်ဘာ ၆ ၊ Migrant Times ။

ထိုင်းနိုင်ငံတွင် လက်ရှိကျင်းပနေသည့် အကြီးမားဆုံး မီးပုံးပျံပွဲနှင့် လွိုင်ကထုန် ရေမျှောပွဲတော်အတွက် ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (TAT)အား ASIA Records မှ တရားဝင် အသိအမှတ်ပြုဆုလက်မှတ်ချီးမြှင့်လိုက်ကြောင်း ASIA Records က တရားဝင်ထုတ်ပြန်သည်။

TAT သည် အကြီးမားဆုံးသော ကောင်းကင်မီးပုံးပျံနှင့် ရေမျှောပွဲတော်ကို တစ်ပြိုင်နက်တည်း ကျင်းပနိုင်ခြင်း အတွက် အသိအမှတ်ပြုလွှာပေးခြင်းဖြစ်ကြောင်း ASIA Records ကဆိုသည်။

ယခုနှစ် အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၅ ရက်ထိ ကျင်းပခဲ့သည့် လွိုင်ကထုန်နှင့်ယီပိန်း (Loy Krathong–Yi Peng)ပွဲတော်တွင် ထိုင်းပြည်နယ် ၇၇ ခုစလုံး၌ ကထုန် ၂ သန်းကျော်ကိုရေမျှောခြင်းနှင့် မီးပုံးပျံ ၁၀၀,၀၀၀ ကျော်ကို လွှတ်တင်နိုင်ခဲ့ပြီး ထိုင်းနိုင်ငံ၏ လှပသော ရိုးရာဓလေ့ကိုဖော်ဆောင်နိုင်ခြင်းဖြစ်ကြောင်း ASIA Records က ထုတ်ပြန်သည်။

ထူးခြားသော ယဉ်ကျေးမှုကို ဦးဆောင်ခဲ့သည့် ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့၏ ဒါရိုက်တာဖြစ်သူ မစ္စ ဆီရင်သာရာ ဆူရာကာနီတာရာနှင့် အဖွဲ့သားအားလုံးကို ဂုဏ်ယူဝမ်းမြောက်ကြောင်း လည်းထုတ်ပြန်သည်။

ASIA Records သည် အာရှတစ်ဝန်းရှိ အောင်မြင်မှုများကို မှတ်တမ်းတင်ရန်နှင့် ဂုဏ်ပြုရန် ရည်ရွယ်သည့် ဒေသဆိုင်ရာ စံချိန်မှတ်တမ်း ထိန်းသိမ်းရေး အဖွဲ့အစည်းသစ်တစ်ခုဖြစ်သည်။