မလေးရှားမှာ မြန်မာလုပ်သားတွေ အုပ်စုလိုက်ရန်ဖြစ်ပြီး တစ်ဦးသေ၊ ရှစ်ဦးအဖမ်းခံရ
မလေးရှားမှာ မြန်မာလုပ်သားတွေ အုပ်စုလိုက်ရန်ဖြစ်ပြီး တစ်ဦးသေ၊ ရှစ်ဦးအဖမ်းခံရ ဧပြီ ၃ရက်၊ Migrant Times မလေးရှားနိုင်ငံ Johor Bahru ပြည်နယ်မှာ မြန်မာလုပ်သား အမျိုးသား ခုနစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ကို ရန်ဖြစ်ပြီး လူသတ်မှုတစ်ခုမှာ ပါဝင်ပတ်သက်မှုနဲ့ မနေ့က ဖမ်းဆီးလိုက်တယ်လို့ The Sun သတင်းက ဖော်ပြထားပါတယ်။အဖမ်းခံရတဲ့ မြန်မာလုပ်သားအမျိုးသား ခုနစ်ဦးဟာ အသက် (၂၂)နှစ်နဲ့ (၅၁)နှစ်ကြားအရွယ်တွေဖြစ်ပြီး အမျိုးသမီးကတော့ အသက် (၃၅)နှစ်ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။မြန်မာလုပ်သားတွေစုပြီး ငှားရမ်းနေထိူင်ကြတဲ့ အိပ်ခန်းတစ်ခုထဲမှာ အုပ်စုလိုက် ရန်ဖြစ်ခဲ့ကြကြောင်း သတင်းပေးပို့လာလို့ သွားရောက်ရာမှာ မြန်မာလုပ်သား အသက် (၃၂)နှစ်အရွယ် အမျိုးသားတစ်ဦး ဓားနဲ့ ထိုးခံရပြီး သေဆုံးနေရာ (၅၁)နှစ်အရွယ် အမျိုးသားတစ်ဦးကတော့ ဒဏ်ရာရရှိထားတယ်လို့ ခရိုင်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။အခင်းဖြစ်ပွားရာမှာရှိနေသူ
