September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

အလုပ်သမား သတင်း

အလုပ်သမား သတင်း

ထိုင်းနိုင်ငံမှာ ကားတိမ်းမှောက်ပြီး တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၂၉ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံမှာ ကားတိမ်းမှောက်ပြီး တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၂၉ ဦး ဖမ်းဆီးခံရ ဇန်နဝါရီ ၁၉ ရက်၊ Migrant Times ထိုင်းနိုင်ငံတောင်ပိုင်းမှာ လူအပြည့် တင်လာတဲ့ ပစ်ကပ်ကားတစ်စီး ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက တိမ်းမှောက်ခဲ့ပြီးနောက် အဲဒီယာဥ်ပေါ်ပါလာတဲ့ တရားမဝင်မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၉ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။မိုးကာအုပ်ထားကာ ပြုပြင်ထားတဲ့ ပစ်ကပ်ကားဟာ နောက်ဘီးတာရာ ပြုတ်ထွက်ပြီး ဖက်သလောင်-ဟက်ရိုင်လမ်းကြောင်း ဖက်ကဆမ်လမ်းမကြီးပေါ်မှာ မနက် ၆ နာရီခွဲခန့်က တိမ်းမှောက်ခဲ့တာပါ။အခင်းဖြစ်ပွားတဲ့နေရာကို ရဲတပ်ဖွဲ့ရောက်ရှိချိန်မှာ ယာဥ်မောင်းနဲ့ ခရီးသည်တွေ မရှိတော့ဘဲ ထွက်ပြေးသွားခဲ့တယ်လို့ ဖက်သလောင် တာ၀န်ကျရဲအရာရှိက ပြောပါတယ်။ ဒါပေမဲ့ အခင်းဖြစ်ပွားရာနဲ့ ၁ ကီလိုမီတာလောက်အကွာက ဒေသခံတွေရဲ့ နေအိမ်မှာ ပုန်းခိုနေတဲ့ ခရီးသည် ၂၉ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲအရာရှိက ဆိုပါတယ်။ရွှေ့ပြောင်းအလုပ်သမား

Read More
အလုပ်သမား သတင်း

ထိုင်းနိုင်ငံမှာ ဆီတင်သင်္ဘောပေါက်ကွဲပြီး မြန်မာလုပ်သား ၇ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံမှာ ဆီတင်သင်္ဘောပေါက်ကွဲပြီး မြန်မာလုပ်သား ၇ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ ဇန်နဝါရီ ၁၈ ရက်၊ Migrant Times ထိုင်းနိုင်ငံမှာ မနေ့က ဆီတင်သင်္ဘောပေါက်ကွဲပြီးမြန်မာလုပ်သား ၇ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။စမုဆွန်ခါခရိုင်၊ မဲခေါင်မြစ်ခွဲမှာ ပြုပြင်ထိန်းသိမ်းဖို့ရပ်နားထားတဲ့ ဆီတင်ယာဉ်သင်္ဘော Smoosh Sea C22 ဟာ ဇန်နဝါရီလ ၁၇ ရက်မနက်ပိုင်းမှာ အလုပ်သမား ၃၀ ဦးခန့်နဲ့ ဆီပိုက်လိုင်း ဂဟေဆော်တဲ့ လုပ်ငန်းဆောင်ရွက်နေတုန်း ပိုက်လိုင်းအတွင်းက ဆီလက်ကျန်ကတစ်ဆင့် ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ဆီတင်သင်္ဘောပေါက်ကွဲမှုကြောင့် ပျောက်ဆုံးနေသူတွေကို ရှာဖွေခဲ့ရာမှာ မနေ့ မနက်ပိုင်းက မြန်မာနိုင်ငံသား ၁ ဦးရဲ့ ရုပ်အလောင်းကို စ တွေ့ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာမြန်မာနိုင်ငံသား

Read More
အလုပ်သမား သတင်း

နိုင်ငံကူးလက်မှတ်ထုတ်ပေးတာရပ်လိုက်လို့ ပြည်ပသွားမယ့် အလုပ်သမားတွေ ငွေကြေးဆုံးရှုံး

နိုင်ငံကူးလက်မှတ်ထုတ်ပေးတာရပ်လိုက်လို့ ပြည်ပသွားမယ့် အလုပ်သမားတွေ ငွေကြေးဆုံးရှုံး ဇန်နဝါရီ ၁၈ ရက်၊ Migrant Times နိုင်ငံကူးလက်မှတ်ထုတ်ပေးတာကို ရပ်လိုက်တဲ့အတွက်ပြည်ပသွားမယ့် အလုပ်သမားတွေ ငွေကြေးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ အဲဒီအလုပ်သမားတွေဆီက သိရပါတယ်။နိုင်ငံကူးလက်မှတ်ပြုလုပ်ဖို့ ရက်ချိန်းကို ပွဲစားတွေဆီကဝယ်ယူခဲ့ကြရပြီး အဲဒီရက်ချိန်းတွေပါပယ်ဖျက်လိုက်တာကြောင့် ငွေကြေးနစ်နာခဲ့တာလို့ ဆိုပါတယ်။” တစ်ယောက်ကို အနည်းဆုံး ကျပ်သုံးသိန်းလောက် ပေးထားရတာ။ တစ်ရက်တစ်ရက်စာ လူက နည်းတာမဟုတ်ဘူး။ အဲဒီရက်ချိန်းတွေ ဝယ်ယူထားလည်း ဆက်မလုပ်ပေးတော့ အလကားဖြစ်သွားတာပေါ့” လို့ ပြည်ပသွားရောက်မယ့် အလုပ်သမားတစ်ဦးက ပြောပါတယ်။ရက်ချိန်းပေးစဥ်က ပွဲစားတွေကသာ လက်ဦးမှုယူထားကြတာကြောင့် နိုင်ငံကူးလက်မှတ်အမြန်လိုသူတွေဟာ ပွဲစားတွေဆီက မဖြစ်မနေဝယ်ယူထားကြရတာလို့ ဆိုပါတယ်။ ဒါ့အပြင် Green Channel နဲ့ နိုင်ငံကူးလက်မှတ်လုပ်ပေးစဥ်ကလည်း အေဂျင်စီတချို့က အဆမတန်ငွေကြေးတောင်းယူထားလို့ ပေးထားကြရပြီး အခုအဲဒီအစီအစဥ်ပါရပ်လိုက်တာကြောင့် ငွေပြန်အမ်း၊မအမ်းမသိရသေးဘူးလို့ အလုပ်သမားတချို့က ဆိုပါတယ်။မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ဟာ နိုင်ငံကူးလက်မှတ်လုပ်ဖို့ ရက်ချိန်းယူရတဲ့စနစ်ကို

Read More
အလုပ်သမား သတင်း

တောင်ကိုရီးယားကို EPS မြန်မာလုပ်သား ၁၃၆ ဦးစေလွှတ်

တောင်ကိုရီးယားကို EPS မြန်မာလုပ်သား ၁၃၆ ဦးစေလွှတ် ဇန်နဝါရီ ၁၇ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံကို EPS မြန်မာလုပ်သား ၁၃၆ ဦး ဒီကနေ့ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်နဲ့ ကုန်ထုတ်လုပ်သားသစ် ၈၃ ဦး၊ CBT ကုန်ထုတ်လုပ်သား ၅ ဦး၊ Re-entry ကုန်ထုတ်လုပ်သား ၄၅ ဦး၊ Re-entry စိုက်ပျိုး/မွေးမြူရေး လုပ်သား ၃ ဦးဟာ ဒီကနေ့ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ ( ဇန်နဝါရီလ ၁၇ ရက်က တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်၊ ဓာတ်ပုံ – Myanmar

Read More
အလုပ်သမား သတင်း

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကတစ်ဆင့်နိုင်ငံကူးလက်မှတ်လျှောက်ထားတာကိုပါ ရပ်ဆိုင်း

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကတစ်ဆင့်နိုင်ငံကူးလက်မှတ်လျှောက်ထားတာကိုပါ ရပ်ဆိုင်း ဇန်နဝါရီ ၁၇ ရက်၊ Migrant Times ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနရဲ့ထောက်ခံမှုနဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးနေမှုကိုပါ ရပ်ဆိုင်းလိုက်တယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်လုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)က အေဂျင်စီတွေဆီ အသိပေးထားပါတယ်။ဒီဇင်ဘာလအတွင်းက နိုင်ငံကူးလက်မှတ် ရက်ချိန်းစနစ်နဲ့ ထုတ်ပေးမှုကို ရပ်ဆိုင်းခဲ့ပေမယ့် ပြည်ပကို သွားရောက်လုပ်ကိုင်မယ့်အလုပ်သမားတွေအတွက် အေဂျင်စီတွေက ပေးပို့တဲ့စာရင်းကို အလုပ်သမားဝန်ကြီးဌာနရဲ့ထောက်ခံချက်နဲ့ထုတ်ပေးနေတာပါ။ အဲဒီလို ထုတ်​ပေးနေတာကိုပါ အခု ရပ်ဆိုင်းလိုက်တာလို့သိရပါတယ်။အဲဒီလိုထောက်ခံချက်နဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတာမှာ မသမာတာ​ေတွရှိနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနဆီ အသိပေးစာပေးပို့ထားတယ်လို့ သိရပါတယ်။ အေဂျင်စီ ၁၃၃ခုက အဲဒီလိုလုပ်ဆောင်နေတာကြောင့် အဲဒီလိုလုပ်နေတဲ့အေဂျင်စီတွေကို နိုင်ငံကူးလက်မှတ်လျှောက်ထားရေးအစီအစဥ်မှာ မပါဝင်ဖို့ အလုပ်သမားဝန်ကြီးဌာနက MOEAF ကို ဇန်နဝါရီလ ၁၂ ရက်က စာပို့အကြောင်းကြားခဲ့ပါတယ်။MOEAF ကတော့ ဇန်နဝါရီလ ၁၇ ရက်ကစပြီး အေဂျင်စီတွေရဲ့နိုင်ငံကူးလက်မှတ်လျှောက်ထားမှုကို ရပ်ဆိုင်းကြောင်း စာထုတ်လိုက်ပါတယ်။” အခုက အကုန်ရပ်လိုက်တာ။

Read More
အလုပ်သမား သတင်း

ပြည်ပရောက်ရွှေ့ပြောင်းသီရိလင်္ကာလုပ်သားတွေ နိုင်ငံသို့ ပြန်ပို့ငွေ ဒေါ်လာ ၄၇၅ သန်းကျော်ရှိ

ပြည်ပရောက်ရွှေ့ပြောင်းသီရိလင်္ကာလုပ်သားတွေ နိုင်ငံသို့ ပြန်ပို့ငွေ ဒေါ်လာ ၄၇၅ သန်းကျော်ရှိ ဇန်နဝါရီ ၁၆ ရက်၊ Migrant Times သီရိလင်္ကာနိုင်ငံသား ပြည်ပရောက်ရွှေ့ပြောင်း​လုပ်သားတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း အမေရိကန် ဒေါ်လာ ၄၇၅ ဒသမ ၆သန်း နိုင်ငံသို့ ပြန်ပို့ပေးကြောင်း သီရိလင်္ကာနိုင်ငံ အလုပ်သမားနှင့် နိုင်ငံခြားအလုပ်အကိုင်ဝန်ကြီး မာနုရှနာနေရက်ခါရာက ဇန်နဝါရီလ ၁၄ ရက်က ပြောကြားပါတယ်။အဲဒီပမာဏဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း အလုပ်သမား​ေတွပေးပို့တဲ့ အမေရိကန် ဒေါ်လာ ၃၂၅ ဒသမ ၂ သန်းထက် ၄၆ ရာခိုင်နှုန်း တိုးလာတာလို့ဝန်ကြီးက မီဒီယာတွေကို ပြောပါတယ်။ ၂၀၂၁ ခုနှစ်မှာ ပြည်ပရောက် သီရိလင်္ကာအလုပ်သမားတွေပေးပို့တာဟာ အမေရိကန် ဒေါ်လာ ၅ ဒသမ ၄၉ ဘီလီယံ

Read More
အလုပ်သမား သတင်း

နိုင်ငံကူးလက်မှတ် ထုတ်ပေးတာ ရပ်ထားလို့ ပြည်ပထွက်မယ့် မြန်မာလုပ်သား​‌တွေအခက်တွေ့

နိုင်ငံကူးလက်မှတ် ထုတ်ပေးတာ ရပ်ထားလို့ ပြည်ပထွက်မယ့် မြန်မာလုပ်သား​‌တွေအခက်တွေ့ ဇန်နဝါရီ ၁၆ ရက်၊ Migrant Times ပြည်တွင်းမှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးတာကို ရပ်ထားတာကြောင့် အလုပ်ရှင်နဲ့တိုက်ရိုက်ချိတ်ဆက်ပြီး ပြည်ပမှာ အလုပ်သွားလုပ်မယ့်သူတွေ အခက်တွေ့နေပါတယ်။နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်တာ၊ သက်တမ်းတိုးတာတွေကို ဒီဇင်ဘာလဆန်းကတည်းက ရပ်ထားတာဖြစ်ပြီးရက်ချိန်းရထားသူတွေပါ ဆက်လုပ်ခွင့်မရတော့တာ ဖြစ်ပါတယ်။ဒါကြောင့် အကြောင်းအမျိုးမျိုးနဲ့ပြည်ပထွက်ဖို့ပြင်နေသူတွေဟာလည်း အစီအစဥ်တွေ ရွှေ့ဆိုင်းထားရတယ်လို့ဆိုပါတယ်။အလုပ်အကိုင်အေဂျင်စီချင်းချိတ်ဆက်ပြီး ပြည်ပမှာအလုပ်သွားလုပ်မယ့်သူတွေအတွက်ပဲ သီးခြားအစီအစဥ်အနေနဲ့ နိုင်ငံကူးလက်မှတ် လုပ်ပေးနေပြီး ကိုယ်ပိုင်အစီအစဥ်နဲ့ ပြည်ပမှာ အလုပ်သွားလုပ်မယ့်သူတွေအတွက် နိုင်ငံကူးလက်မှတ် လုပ်​ပေးတာကို လက်ရှိမှာရပ်ဆိုင်းထားပါတယ်။ ပြည်ပမှာ အလုပ်လုပ်ဖို့ ပြောဆိုထားပြီးသူတွေအတွက် နိုင်ငံကူးလက်မှတ် အခက်အခဲကြောင့် အလုပ်လက်လွှတ်ရမယ့်အခြေအနေတွေ ရှိ​ေနတယ်လို့ အလုပ်သမားတစ်ဦးက ဆိုပါတယ်။” တစ်ဘက်ကုမ္ပဏီနဲ့က စကားပြောထားပြီးပြီ။အင်တာဗျူးလည်း အောင်ထားတယ်။ အခု ပတ်စ်ပို့သက်တမ်းက ပြည့်တော့မှာဆိုတော့ သက်တမ်းတိုးပြီးမှထွက်လို့ရမှာ။ သက်တမ်းက တိုးမရတော့ ထွက်ဖို့ခက်နေတယ်။ ပိတ်ထားတာကလည်း

Read More
အလုပ်သမား သတင်း

ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်မှာ တရားမ၀င်မြန်မာလုပ်သား ၇ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်မှာ တရားမ၀င်မြန်မာလုပ်သား ၇ ဦး ဖမ်းဆီးခံရ ဇန်နဝါရီ ၁၆ ရက်၊ Migrant Times ရနောင်းခရိုင်အာဏာပိုင်တွေက ကြိုတင်သတင်းရထားလို့ ထိုင်းနိုင်ငံထဲကို တရားမ၀င်လမ်းကြောင်းနဲ့ အလုပ်လုပ်ဖို့ လာတဲ့ မြန်မာလုပ်သား ၇ ဦးကို အဲဒီဒေသလုံခြုံရေးစစ်သားတွေက ဖမ်းဆီးမိခဲ့ပါတယ်။ဇန်နဝါရီလ ၁၄ ရက်ညက ရနောင်းခရိုင်၊ အုပ်စု -၂ ၊ ဘန်နောင်းကျေးရွာနားမှာ ပွဲစားလာခေါ်တာ စောင့်နေတဲ့မြန်မာလုပ်သား အမျိုးသား ၄ ဦး နဲ့ အမျိုးသမီး ၃ ဦးကိုရနောင်းခရိုင်အခြေစိုက်လုံခြုံရေးစစ်သားတွေက ဖမ်းဆီးမိခဲ့တာပါ။သူတို့ဟာ ကော့သောင်းမြို့ကနေ နယ်စပ်သဘာ၀လမ်းကြောင်း အသုံးပြုပြီး ရနောင်းခရိုင်ကို ၀င်လာတာလို့ သိရပါတယ်။                     

Read More
အလုပ်သမား သတင်း

ကိုရီးယားအလုပ်အကိုင်ကုန်ထုတ်လုပ်ငန်း ပထမအသုတ် EPS စာမေးပွဲ ၆၀၀၀ ကျော် အောင်မြင်

ကိုရီးယားအလုပ်အကိုင်ကုန်ထုတ်လုပ်ငန်း ပထမအသုတ် EPS စာမေးပွဲ ၆၀၀၀ ကျော် အောင်မြင် ဇန်နဝါရီ ၁၆ ရက်၊ Migrant Times တောင်ကိုရီးယားအလုပ်အကိုင် ကုန်ထုတ်လုပ်ငန်းအတွက် ပထမအသုတ်စာမေးပွဲမှာ ဖြေဆိုသူ ၆၀၀၀ ကျော် အောင်မြင်ခဲ့ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က ကြေညာပါတယ်။အဲဒီစာမေးပွဲကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ကျင်းပခဲ့တာဖြစ်ပြီး ဝင်ရောက်ဖြေဆိုသူ ၁၀၀၀၀ ကျော်ရှိတာကြောင့် ၆၀ ရာခိုင်နှုန်းကျော် အောင်မြင်ခဲ့တာဖြစ်ပါတယ်။” အရင်နှစ်တွေထက် အောင်ချက်စံချိန်တင်တယ်လို့ ပြောလို့ရတယ်။ တစ်ဘက်က အလုပ်သမားလိုအပ်ချက်ကိုကြည့်ပြီး အောင်မြင်မှုနှုန်းတိုးပေးတဲ့ သဘောပဲ ” လို့ ကိုရီးယားဘာသာသင်တန်းနည်းပြတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ စိုက်ပျိုးရေး/ မွေးမြူရေး နဲ့ကုန်ထုတ်ပထမအသုတ်စာမေးပွဲတွေကို ကျင်းပထားပြီးဖြစ်ကာ ကုန်ထုတ်ဒုတိယအသုတ်နဲ့ဆောက်လုပ်ရေးစာမေးပွဲတွေကို ဆက်ပြီးကျင်းပဖို့ကျန်နေပါတယ်။အဲဒီစာမေးပွဲတွေအတွက် ဝင်ရောက်ဖြေဆိုဖို့လျှောက်ထားသူ ၃၇၀၀၀ ခန့်ရှိတယ်လို့လည်းသိရပါတယ်။ဆက်လက်ကျင်းပဖို့ကျန်နေတဲ့စာမေးပွဲတွေကို ဖေဖော်ဝါရီလကနေ ဇွန်လအထိ ပြုလုပ်သွားမယ်လို့ POEAကထုတ်ပြန်ထားပါတယ်။အဲဒီစာမေးပွဲအောင်မြင်သူတွေဟာ တောင်ကိုရီးယားနိုင်ငံကိုသွားရောက်လုပ်ကိုင်ခွင့်ရဖို့အခွင့်အလမ်းပိုများစေမှာလည်းဖြစ်ပါတယ်။ 

Read More
အလုပ်သမား သတင်း

ဘန်ကောက်သံရုံးမှာ ပတ်စ်ပို့သက်တမ်းတိုးဖို့ ရက်ချိန်းလာယူသူ ၄၁၉၅ ဦးရှိ

ဘန်ကောက်သံရုံးမှာ ပတ်စ်ပို့သက်တမ်းတိုးဖို့ ရက်ချိန်းလာယူသူ ၄၁၉၅ ဦးရှိ ဇန်နဝါရီ ၁၄ ရက်၊ Migrant Times ဘန်ကောက်သံရုံးမှာ နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးဖို့ ဒီနေ့ ရက်ချိန်းလာယူတဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသား ၄၁၉၅ ဦးရှိတယ်လို့ အဲဒီသံရုံးက သတင်းထုတ်​ပြန်ပါတယ်။ဘန်ကောက်မြို့က မြန်မာသံရုံးမှာ ပတ်စ်ပို့သက်တမ်းတိုးရက်ချိန်းတိုကင်ယူသူတွေ ဇန်နဝါရီလ ၇ ရက်ကအဆမတန်များပြားခဲ့ပြီး တန်းစီ တိုကင်ယူရင်း မူးမေ့လဲသူတွေပါ ရှိခဲ့တာပါ။ ဒီနေ့ ရက်ချိန်းတိုကင်ပေးရာမှာ မြန်မာသံရုံးတာဝန်ရှိသူတွေက လိုအပ်ချက်တွေကို ကြိုတင်ပြင်ဆင်ပေးတာ၊ တိုကင် လာရောက်ယူသူတွေက ပူးပေါင်းကူညီ​ပေးတာ၊ထိုင်းအာဏာပိုင်အဖွဲ့အစည်းတွေကအကူအညီပေးတာတွေကြောင့် ၄၁၉၅ ဦးကို စနစ်တကျ ရက်ချိန်းပေးနိုင်ခဲ့တယ်လို့ သံရုံးက ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။အပတ်စဥ် စနေ့နေ့တိုင်း ရက်ချိန်းတိုကင်ထုတ်ပေးမယ်လို့လည်း သံရုံးက ကြေညာထားပါတယ်။ (ဒီနေ့ ဘန်ကောက်မြို့၊ မြန်မာသံရုံးတွင် ပတ်စ်ပို့သက်တမ်းတိုးရက်ချိန်းတိုကင် လာယူသည့် ထိုင်းရောက်မြန်မာများကို

Read More