ကိုရီးယားသင်္ဘောကျင်းလုပ်ငန်းအတွက် မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သားတွေခေါ်ဖို့ပြင်ဆင်နေ
ကိုရီးယားသင်္ဘောကျင်းလုပ်ငန်းအတွက် မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သားတွေခေါ်ဖို့ပြင်ဆင်နေ ဇန်နဝါရီ ၈ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံရဲ့သင်္ဘောကျင်းလုပ်ငန်းတွေမှာလိုအပ်နေတဲ့လုပ်သားနေရာဖြည့်ဆည်းဖို့ မြန်မာအပါအဝင်နိုင်ငံခြားသားလုပ်သားတွေခေါ်ယူဖို့ပြင်ဆင်နေတယ်လို့အဲဒီနိုင်ငံသတင်းတွေအရသိရပါတယ်။ကိုရီးယား သင်္ဘောကျင်းလုပ်ငန်းမှာ လုပ်သားပေါင်း ၁၅၀၀၀ ဦးခန့် လိုအပ်နေတာဖြစ်တာကြောင့် လုပ်သားအသစ်တွေခေါ်ယူခန့်ထားဖို့ အဲဒီနိုင်ငံအစိုးရကကြိုးစားနေတာဖြစ်ပါတယ်။လတ်တလောမှာလုပ်ငန်း ကျွမ်းလုပ်သား ဗီဇာ (E-7-4) ရရှိထားသူ ဦးရေ ၂၀၀၀ ဦးမှ ၅၀၀၀ ဦးအထိ တိုးချဲ့လက်ခံသွားဖို့ရှိတယ်လို့သတင်းတွေကဆိုပါတယ်။လိုအပ်တဲ့လုပ်သားတွေဖြည့်ဆည်းဖို့အတွက်ထိုင်း၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ မြန်မာစတဲ့ နိုင်ငံတွေက သင်္ဘောကျင်း သင်တန်းသား လုပ်သားများကို ခေါ်ယူပြီး သင်္ဘောကျင်းနဲ့ ပတ်သက်တဲ့လုပ်ငန်းခွင် သင်တန်းပေးကာ (E-7) ကို ထုတ်ပေးသွားဖို့ စီစဥ်နေတာလို့သိရပါတယ်။ အဲဒီအတွက်ကိုရီးယားအစိုးရကသက်ဆိုင်ရာ နိုင်ငံများမှ ကိုရီးယားနိုင်ငံလုံးဆိုင်ရာ သံရုံးများတွေနဲ့ ညှိနှိုင်းသွားမှာဖြစ်တယ်လို့လည်းသတင်းတွေမှာဖော်ပြထားပါတယ်။သင်တန်းသားနဲ့ ပတ်သက်တဲ့ ပညာနဲ့ အရည်အချင်း၊ လုပ်ငန်းအတွေအကြုံများကို နိုင်ငံအလိုက် စီမံ လုပ်ဆောင်သွားမှာ ဖြစ်သလိုကိုရီးယား
