နိုဝင်ဘာ 12, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

အလုပ်သမား သတင်း

အလုပ်သမား သတင်း

ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်မှာ တရားမ၀င်မြန်မာလုပ်သား ၇ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်မှာ တရားမ၀င်မြန်မာလုပ်သား ၇ ဦး ဖမ်းဆီးခံရ ဇန်နဝါရီ ၁၆ ရက်၊ Migrant Times ရနောင်းခရိုင်အာဏာပိုင်တွေက ကြိုတင်သတင်းရထားလို့ ထိုင်းနိုင်ငံထဲကို တရားမ၀င်လမ်းကြောင်းနဲ့ အလုပ်လုပ်ဖို့ လာတဲ့ မြန်မာလုပ်သား ၇ ဦးကို အဲဒီဒေသလုံခြုံရေးစစ်သားတွေက ဖမ်းဆီးမိခဲ့ပါတယ်။ဇန်နဝါရီလ ၁၄ ရက်ညက ရနောင်းခရိုင်၊ အုပ်စု -၂ ၊ ဘန်နောင်းကျေးရွာနားမှာ ပွဲစားလာခေါ်တာ စောင့်နေတဲ့မြန်မာလုပ်သား အမျိုးသား ၄ ဦး နဲ့ အမျိုးသမီး ၃ ဦးကိုရနောင်းခရိုင်အခြေစိုက်လုံခြုံရေးစစ်သားတွေက ဖမ်းဆီးမိခဲ့တာပါ။သူတို့ဟာ ကော့သောင်းမြို့ကနေ နယ်စပ်သဘာ၀လမ်းကြောင်း အသုံးပြုပြီး ရနောင်းခရိုင်ကို ၀င်လာတာလို့ သိရပါတယ်။                     

Read More
အလုပ်သမား သတင်း

ကိုရီးယားအလုပ်အကိုင်ကုန်ထုတ်လုပ်ငန်း ပထမအသုတ် EPS စာမေးပွဲ ၆၀၀၀ ကျော် အောင်မြင်

ကိုရီးယားအလုပ်အကိုင်ကုန်ထုတ်လုပ်ငန်း ပထမအသုတ် EPS စာမေးပွဲ ၆၀၀၀ ကျော် အောင်မြင် ဇန်နဝါရီ ၁၆ ရက်၊ Migrant Times တောင်ကိုရီးယားအလုပ်အကိုင် ကုန်ထုတ်လုပ်ငန်းအတွက် ပထမအသုတ်စာမေးပွဲမှာ ဖြေဆိုသူ ၆၀၀၀ ကျော် အောင်မြင်ခဲ့ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က ကြေညာပါတယ်။အဲဒီစာမေးပွဲကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ကျင်းပခဲ့တာဖြစ်ပြီး ဝင်ရောက်ဖြေဆိုသူ ၁၀၀၀၀ ကျော်ရှိတာကြောင့် ၆၀ ရာခိုင်နှုန်းကျော် အောင်မြင်ခဲ့တာဖြစ်ပါတယ်။” အရင်နှစ်တွေထက် အောင်ချက်စံချိန်တင်တယ်လို့ ပြောလို့ရတယ်။ တစ်ဘက်က အလုပ်သမားလိုအပ်ချက်ကိုကြည့်ပြီး အောင်မြင်မှုနှုန်းတိုးပေးတဲ့ သဘောပဲ ” လို့ ကိုရီးယားဘာသာသင်တန်းနည်းပြတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ စိုက်ပျိုးရေး/ မွေးမြူရေး နဲ့ကုန်ထုတ်ပထမအသုတ်စာမေးပွဲတွေကို ကျင်းပထားပြီးဖြစ်ကာ ကုန်ထုတ်ဒုတိယအသုတ်နဲ့ဆောက်လုပ်ရေးစာမေးပွဲတွေကို ဆက်ပြီးကျင်းပဖို့ကျန်နေပါတယ်။အဲဒီစာမေးပွဲတွေအတွက် ဝင်ရောက်ဖြေဆိုဖို့လျှောက်ထားသူ ၃၇၀၀၀ ခန့်ရှိတယ်လို့လည်းသိရပါတယ်။ဆက်လက်ကျင်းပဖို့ကျန်နေတဲ့စာမေးပွဲတွေကို ဖေဖော်ဝါရီလကနေ ဇွန်လအထိ ပြုလုပ်သွားမယ်လို့ POEAကထုတ်ပြန်ထားပါတယ်။အဲဒီစာမေးပွဲအောင်မြင်သူတွေဟာ တောင်ကိုရီးယားနိုင်ငံကိုသွားရောက်လုပ်ကိုင်ခွင့်ရဖို့အခွင့်အလမ်းပိုများစေမှာလည်းဖြစ်ပါတယ်။ 

Read More
အလုပ်သမား သတင်း

ဘန်ကောက်သံရုံးမှာ ပတ်စ်ပို့သက်တမ်းတိုးဖို့ ရက်ချိန်းလာယူသူ ၄၁၉၅ ဦးရှိ

ဘန်ကောက်သံရုံးမှာ ပတ်စ်ပို့သက်တမ်းတိုးဖို့ ရက်ချိန်းလာယူသူ ၄၁၉၅ ဦးရှိ ဇန်နဝါရီ ၁၄ ရက်၊ Migrant Times ဘန်ကောက်သံရုံးမှာ နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးဖို့ ဒီနေ့ ရက်ချိန်းလာယူတဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသား ၄၁၉၅ ဦးရှိတယ်လို့ အဲဒီသံရုံးက သတင်းထုတ်​ပြန်ပါတယ်။ဘန်ကောက်မြို့က မြန်မာသံရုံးမှာ ပတ်စ်ပို့သက်တမ်းတိုးရက်ချိန်းတိုကင်ယူသူတွေ ဇန်နဝါရီလ ၇ ရက်ကအဆမတန်များပြားခဲ့ပြီး တန်းစီ တိုကင်ယူရင်း မူးမေ့လဲသူတွေပါ ရှိခဲ့တာပါ။ ဒီနေ့ ရက်ချိန်းတိုကင်ပေးရာမှာ မြန်မာသံရုံးတာဝန်ရှိသူတွေက လိုအပ်ချက်တွေကို ကြိုတင်ပြင်ဆင်ပေးတာ၊ တိုကင် လာရောက်ယူသူတွေက ပူးပေါင်းကူညီ​ပေးတာ၊ထိုင်းအာဏာပိုင်အဖွဲ့အစည်းတွေကအကူအညီပေးတာတွေကြောင့် ၄၁၉၅ ဦးကို စနစ်တကျ ရက်ချိန်းပေးနိုင်ခဲ့တယ်လို့ သံရုံးက ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။အပတ်စဥ် စနေ့နေ့တိုင်း ရက်ချိန်းတိုကင်ထုတ်ပေးမယ်လို့လည်း သံရုံးက ကြေညာထားပါတယ်။ (ဒီနေ့ ဘန်ကောက်မြို့၊ မြန်မာသံရုံးတွင် ပတ်စ်ပို့သက်တမ်းတိုးရက်ချိန်းတိုကင် လာယူသည့် ထိုင်းရောက်မြန်မာများကို

Read More
အလုပ်သမား သတင်း

မလေးရှားအစိုးရက မြန်မာလုပ်သားတွေအတွက် အလုပ်ပါမစ် ပြန်ချပေးဖို့ စီစဥ်

မလေးရှားအစိုးရက မြန်မာလုပ်သားတွေအတွက် အလုပ်ပါမစ် ပြန်ချပေးဖို့ စီစဥ် ဇန်နဝါရီ ၁၄ ရက်၊ Migrant Times မလေးရှားအစိုးရက မြန်မာအလုပ်သမားတွေအတွက်အလုပ်ပါမစ်အသစ်ချပေးဖို့ စီစဥ်နေတယ်လို့ အဲဒီနိုင်ငံသတင်းတွေအရ သိရပါတယ်။မလေးရှားနိုင်ငံမှာ ရောက်ရှိနေပြီး အထောက်အထားမဲ့လုပ်နေသူတွေထဲက နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေကို ပါမစ်ချပေးဖို့ စီစဥ်နေတာလို့ ဆိုပါတယ်။” ပါမစ်လျှောက်ခွင့် စပေးမယ်ဆိုပြီး ထုတ်ပြန်ထားတာရှိတယ်။ ဘယ်တော့ချပေးမယ်ဆိုတာကတော့ မသိရသေးဘူး။ အလုပ်သမားတွေကတော့ အဲဒီအစီအစဥ်ကို စောင့်နေကြတယ် ” လို့ မလေးရှားရောက် မြန်မာလုပ်သားအရေးကူညီနေသူ မသူသူအောင်က ပြောပါတယ်။အဲဒီပါမစ်ကို အလုပ်ရှင်က လျှောက်ပေးနိုင်သလို အေဂျင်စီတွေကလည်း အလုပ်သမားတွေကိုယ်စားလျှောက်ပေးနိုင်တယ်လို့ သိရပါတယ်။ လက်ရှိမလေးရှားနိုင်ငံရောက်မြန်မာအလုပ်သမားအများအပြားဟာ နည်းလမ်းမျိုးစုံနဲ့ရောက်ရှိလုပ်ကိုင်နေတာဖြစ်ပြီး အထောက်အထားမရှိတာကြောင့်လုံခြုံမူမရှိဘဲမကြာခဏဖမ်းဆီးခံနေကြရတာဖြစ်ပါတယ်။အလုပ်ပါမစ်သာရရင် လုပ်ငန်းခွင်အတွင်းနဲ့လုပ်ငန်းခွင်ပြင်ပမှာ ဖမ်းဆီးခံရမှာကို စိုးရိမ်စရာနည်းသွားမှာဖြစ်တယ်လို့ အဲဒီနိုင်ငံရောက်မြန်မာအလုပ်သမားတွေကဆိုပါတယ်။အောက်လမ်းကခိုးဝင်လာတဲ့ နိုင်ငံကူးလက်မှတ်မရှိသူတွေအတွက်တော့ ပါမစ်ပေးမယ့်အစီအစဥ်မှာ အကျုံးမဝင်နိုင်ဘူးလို့လည်း သတင်းတွေက ဆိုပါတယ်။လက်ရှိမလေးရှားနိုင်ငံမှာ မြန်မာလုပ်သား တစ်သန်းကျော်ရှိပြီး

Read More
အလုပ်သမား သတင်း

အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီ သွားမယ့်မြန်မာလုပ်သားတွေအတွက် အကြံပြုချက်နဲ့ QR Code တွေ ထုတ်ပြန်

အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီ သွားမယ့်မြန်မာလုပ်သားတွေအတွက် အကြံပြုချက်နဲ့ QR Code တွေ ထုတ်ပြန် ဇန်နဝါရီ ၁၃ ရက်၊ Migrant Times အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေဆီ သွားရောက်အလုပ်လုပ်မယ့် မြန်မာနိုင်ငံသားတွေ ရှောင်ရန်၊ ဆောင်ရန်အချက်တွေနဲ့ QR Code တွေကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံကအမျိုးသမီးတချို့ဟာ အိမ်အကူလုပ်ဖို့ယူအေအီး၊ အိုမန်စတဲ့နိုင်ငံတွေကိုရောက်ရှိနေသလိုအလည်ဗီဇာနဲ့ဆက်လက်ထွက်ခွာမှုတွေရှိနေတာဖြစ်ပါတယ်။အဲဒီကိုရောက်ရှိနေသူအများစုဟာ အလုပ်ပင်ပန်းတာ၊အစားအသောက်ဆင်းရဲတာ စတဲ့အဆင်မပြေမှုတွေကြုံနေကြရတာလို့သိရပါတယ်။သူတို့ရဲ့ပတ်စ်ပို့စာအုပ်တွေကိုအေဂျင့်တွေကသိမ်းထားပြီး သတ်မှတ်လုပ်သက်မပြည့်ဘဲပြန်မယ်ဆိုလျော်ကြေးပေးမှပေးပြန်တဲ့အကျပ်ကိုင်မှုတွေကြုံနေကြရတာလို့ကာယကံရှင်လုပ်သားတချို့ကဆိုပါတယ်။                                                         

Read More
အလုပ်သမား သတင်း

ထိုင်းရောက်မြန်မာလုပ်သားတွေအတွက် Mobile Team နဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးမှု ဇန်နဝါရီ ၂၄ ရက်က စတင်မယ်

ထိုင်းရောက်မြန်မာလုပ်သားတွေအတွက် Mobile Team နဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးမှု ဇန်နဝါရီ ၂၄ ရက်က စတင်မယ် ဇန်နဝါရီ ၁၂ ရက်၊ Migrant Times ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် စက်ရုံ၊ အလုပ်ရုံတွေဆီ Mobile Team စေလွှတ်ပြီး နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးတာကို ဇန်နဝါရီ ၂၄ ရက်က စတင်ဆောင်ရွက်မယ်လို့ ဘန်ကောက်မြို့၊ မြန်မာသံရုံးက ဒီကနေ့ ကြေညာပါတယ်။PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးတာကို Mobile စက် ၂ စုံနဲ့ Mobile Taem ၂ ဖွဲ့ခွဲကာ ဇန်နဝါရီ ၂၄ ရက်ကစပြီး စက်ရုံတွေဆီ စေလွှတ်ဆောင်ရွက်ပေးမယ်လို့ အဲဒီသံရုံးက ကြေညာခဲ့တာပါ။နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမယ့် ရွှေ့ပြောင်းမြန်မာလုပ်သား ၁၀၀၀ ဦးနဲ့အထက်ရှိတဲ့ စက်ရုံတွေဆီ

Read More
အလုပ်သမား သတင်း

ကိုရီးယားအလုပ်အကိုင်စာမေးပွဲ ရွှေ့ဆိုင်းထားလို့ ဝေဖန်မှု မြင့်တက်

ကိုရီးယားအလုပ်အကိုင်စာမေးပွဲ ရွှေ့ဆိုင်းထားလို့ ဝေဖန်မှု မြင့်တက် ဇန်နဝါရီ ၁၁ ရက်၊ Migrant Times တောင်ကိုရီးယားအလုပ်အကိုင် ကုန်ထုတ်လုပ်ငန်းအတွက် EPS ဒုတိယအသုတ်စာမေးပွဲ ပြုလုပ်မယ့်ရက်ကို အကြောင်းမဲ့ရွှေ့ဆိုင်းထားတာကြောင့် ဝေဖန်မှုတွေရှိနေပါတယ်။ကုန်ထုတ်လုပ်ငန်းအတွက် ဒုတိယအသုတ်စာမေးပွဲကိုဒီဇင်ဘာလမှာ ပြုလုပ်မယ်လို့ လျာထားခဲ့ပြီး အခုအချိန်ထိ ကျင်းပပေးနိုင်ခြင်းမရှိသလို စာမေးပွဲအချိန်စာရင်းကိုလည်း မထုတ်ပြန်တာကြောင့် ဖြေဆိုဖို့စောင့်ဆိုင်းနေသူတွေ အခက်တွေ့နေတယ်လို့ ဆိုပါတယ်။” စာမေးပွဲဖြေဖို့ ကြိုရောက်နေတာကြာပြီ။ စရိတ်စကတွေလည်း ကုန်တယ်။ ဘယ်တော့ကျင်းပမယ်ဆိုတာ မသိတော့ ဘာဆက်လုပ်ရမယ်မသိတော့ဘူး ” လို့ အဲဒီစာမေးပွဲဖြေဖို့ စောင့်ဆိုင်းနေသူတစ်ဦးက ပြောပါတယ်။ အဲဒီလို စောင့်ဆိုင်းနေရသူတွေ ကြိုတင်ပြင်ဆင်တွက်ဆနိုင်ဖို့အတွက် စာမေးပွဲစီစဥ်သူတွေအနေနဲ့ တိတိကျကျအသိပေးကြေညာသင့်တယ်လို့လည်း စောင့်ဆိုင်းနေသူတွေက ဆိုပါတယ်။လက်ရှိမှာ EPS စာမေးပွဲရဲ့ စိုက်ပျိုးရေးနဲ့မွေးမြူရေးစာမေးပွဲ၊ ကုန်ထုတ်ပထမအသုတ်စာမေးပွဲတွေ ကျင်းပထားပြီး ကုန်ထုတ်ဒုတိယအသုတ်နဲ့ ဆောက်လုပ်ရေးစာမေးပွဲကျင်းပဖို့ ကျန်နေတာဖြစ်ပါတယ်။ကုန်ထုတ်ဒုတိယအသုတ်စာမေးပွဲကို ဝင်ရောက်​ဖြေဆိုမယ့်သူ ၃၀၀၀

Read More
အလုပ်သမား သတင်း

ကားမှာ အမြန်လမ်းရဲဌာန အမှတ်အသားတံဆိပ်ကပ်ပြီးထိုင်းနိုင်ငံထဲ တရားမဝင်မြန်မာလုပ်သားပို့

ကားမှာ အမြန်လမ်းရဲဌာန အမှတ်အသားတံဆိပ်ကပ်ပြီးထိုင်းနိုင်ငံထဲ တရားမဝင်မြန်မာလုပ်သားပို့ ဇန်နဝါရီ ၁၀ ရက်၊ Migrant Times ထိုင်းအမြန်လမ်းရဲဌာန အမှတ်အသားတံဆိပ်ကို ကားမှာကပ်ပြီး အလုပ်သမားပွဲစားတွေက မြန်မာလုပ်သား ၂၉ ဦးကို ထိုင်းနိုင်ငံထဲ တရားမဝင် ပို့ဆောင်ခဲ့ရာမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးမိခဲ့ပါတယ်။တရားမဝင်လုပ်သား ပို့တဲ့ပွဲစားတွေဟာ နည်းလမ်းမျိုးစုံအသုံးပြုပြီး ထိုင်းအာဏာပိုင်တွေရဲ့ စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းကနေလွတ်မြောက်အောင်လုပ်ဆောင်နေပြီးအခုအကြိမ်မှာ ထိုင်းအမြန်လမ်းရဲဌာန စတစ်ကာကပ်ပြီး အလုပ်သမား ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီလ ၇ ရက်က တရားမဝင်လမ်းကြောင်းကနေ အလုပ်လုပ်ဖို့ဝင်လာတဲ့ မြန်မာလုပ်သား အမျိုးသား ၂၉ ဦးကို ထိုင်းနိုင်ငံ၊ ကန်ကျနဘူရီခရိုင်ကနေ နရာထိဝပ်ခရိုင်ကို ပွဲစားတွေက ကားနဲ့ ပို့ဆောင်ရာမှာ စုန်ခလာခရိုင်လူဝင်မှုကြီးကြပ်ရဲတွေက ဖမ်းဆီးမိခဲ့တယ်လို့ထိုင်းသတင်းဌာနတွေမှာ ဖော်ပြခဲ့ပါတယ်။တရားမဝင်မြန်မာလုပ်သား ၂၉ ဦးလုံးဟာ အမျိုးသားတွေဖြစ်ပြီး ကန်ကျနဘူရီခရိုင်နဲ့ကပ်နေတဲ့ ထိုင်း-မြန်မာနယ်စပ်ကနေ ဝင်ရောက်လာကြတာဖြစ်ပါတယ်။ ထိုင်းသတင်းဌာနတွေရဲ့ဖော်ပြချက်အရဆိုရင်

Read More
အလုပ်သမား သတင်း

မလေးရှားမှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေနေရပ်ပြန်ပို့ခံရဖွယ်ရှိ

မလေးရှားမှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေနေရပ်ပြန်ပို့ခံရဖွယ်ရှိ ဇန်နဝါရီ ၁၀ ရက်၊ Migrant Times မလေးရှားနိုင်ငံမှာ မကြာခင်ရက်ပိုင်းက ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့ဖို့ အဲဒီနိုင်ငံအစိုးရက စီစဥ်နေတယ်လို့ မလေးရှားသတင်းဌာနတွေက ဖော်ထားပါတယ်။မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့၊ ဂျလန်အမ်ဘီ (Jalan Imbi)မှာ ဇန်နဝါရီလ ၆ ရက်ညက နိုင်ငံခြားသား ၁၀၀၀ ကျော်ကို ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနအဖွဲ့က (အော်ပရာဇီ) စစ်ဆင်ရေးတစ်ခုပြုလုပ်ခဲ့ပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အဲဒီဖမ်းဆီးခံရသူတွေထဲမှာ ချင်းတိုင်းရင်းသား ၅၄၄ ဦး ပါဝင်တယ်လို့ မလေးရှားသတင်းဌာန BARNAMA. com က ဖော်ပြထားပါတယ်။ ဖမ်းဆီးခံရတဲ့အထဲမှာ မြန်မာအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ နီပေါနဲ့ ပါကစ္စတန်နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားအများစု ပါဝင်တယ်လို့ဆိုပါတယ်။အထောက်အထားရှိသူတွေကို ပြန်လွှတ်ပေးပေမယ့် မြန်မာနိုင်ငံသား ၁၀၀ ကျော်လောက် အထောက်အထားမရှိလို့

Read More
အလုပ်သမား သတင်း

ထိုင်းနိုင်ငံမှာ တရားမဝင်မြန်မာလုပ်သား ၁၄ ဦးနဲ့ ကလေး ၅ ဦး၊ ပွဲစား ၃ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံမှာ တရားမဝင်မြန်မာလုပ်သား ၁၄ ဦးနဲ့ ကလေး ၅ ဦး၊ ပွဲစား ၃ ဦး ဖမ်းဆီးခံရ ဇန်နဝါရီ ၈ ရက်၊ Migrant Times ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်ကနေ ချင်းမိုင်ခရိုင်ဘက်အလုပ်သွားလုပ်ဖို့လာကြတဲ့ တရားမဝင်မြန်မာလုပ်သား ၁၄ ဦးနဲ့ သူတို့ရဲ့ကလေး ၅ ဦး၊ပို့ဆောင်ပေးတဲ့ပွဲစား ၃ ဦးတို့ကို အဲဒီဒေသအာဏာပိုင်တွေဖမ်းဆီးမိခဲ့တယ်လို့ ဒေသသတင်းဌာန Maesaipress က ဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်က ချင်းရိုင်းခရိုင်လူဝင်မှုကြီးကြပ်ရေးရဲဌာန ထောက်လှမ်းရေးရဲ့သတင်းပေးပို့မှုကြောင့် သက်ဆိုင်ရာအဖွဲ့တွေပူးပေါင်းပြီး တရားမဝင်မြန်မာလုပ်သား ပို့ဆောင်ရေးယာဉ် ၃ စီးကို ချင်းရိုင်းခရိုင်၊ မောင်မြို့၊ မဲခေါင့်သုံးကျေးရွာမှာ တားစီးစစ်ဆေးခဲ့တာပါ။ အဲ့ဒီကား ၃ စီးမှာ မိဘနဲ့အတူလိုက်ပါလာတဲ့ ကလေး ၅ ဦးအပါအဝင် မြန်မာအမျိုးသား ၉

Read More