September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

China

သတင်း

တရုတ်အလုပ်သမားများအား ကျောင်းသားဗီဇာ ထုတ်ပေးခြင်းမရှိကြောင်း ထိုင်းတက္ကသိုလ် ၃ ခု ငြင်းဆို

ထိုင်းနိုင်ငံ တစ်ဝှမ်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် လျှို့ဝှက်စွာ အလုပ်လုပ်နေသော တရားမဝင်တရုတ်အလုပ်သမားများအား ကျောင်းသားဗီဇာ ထုတ်ပေးခြင်းမရှိကြောင်း ထိုင်းနိုင်ငံမြောက်ပိုင်းရှိ တက္ကသိုလ် သုံးခုက ငြင်းဆိုလိုက်သည်။ “รู้ทันจีน “(တရုတ်ကို သိရှိနားလည်ခြင်း) ဖေ့စ်ဘွတ် သတင်းစာမျက်နှာက ဧပြီ ၂၁ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ တက္ကသိုလ်အချို့သည် ကျောင်းသားအဖြစ် အမှန်တကယ် စာရင်းသွင်းထားခြင်းမရှိသော တရုတ်နိုင်ငံသားများအား ကျောင်းသားဗီဇာများ ထုတ်ပေးနေကြောင်း ရေးသားခဲ့သည်။ တရုတ်နိုင်ငံသားများအား ကျောင်းသားဗီဇာများ ထုတ်ပေးပြီး ထိုင်းနိုင်ငံတွင် နေထိုင်၍ တရားမဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိစေခဲ့သည်ဟု စွပ်စွဲခဲ့သည်။ “รู้ทันจีน”စာမျက်နှာက ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့ရှိ Phayap University ၊ North-Chiang Mai University နှင့် လမ်ဖွန်းရှိ Mahachulalongkornrajavidyalaya University သုံးခုက ပါဝင်ပတ်သက်နေသည်ဟု ရေးသားခဲ့သည်။ ကျောင်းသားဗီဇာ ဝန်ဆောင်မှုအတွက်

Read More