နိုဝင်ဘာ 8, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

China

သတင်း

တရုတ်အလုပ်သမားများအား ကျောင်းသားဗီဇာ ထုတ်ပေးခြင်းမရှိကြောင်း ထိုင်းတက္ကသိုလ် ၃ ခု ငြင်းဆို

ထိုင်းနိုင်ငံ တစ်ဝှမ်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် လျှို့ဝှက်စွာ အလုပ်လုပ်နေသော တရားမဝင်တရုတ်အလုပ်သမားများအား ကျောင်းသားဗီဇာ ထုတ်ပေးခြင်းမရှိကြောင်း ထိုင်းနိုင်ငံမြောက်ပိုင်းရှိ တက္ကသိုလ် သုံးခုက ငြင်းဆိုလိုက်သည်။ “ รู้ทันจีน “ (တရုတ်ကို သိရှိနားလည်ခြင်း) ဖေ့စ်ဘွတ် သတင်းစာမျက်နှာက ဧပြီ ၂၁ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ တက္ကသိုလ်အချို့သည် ကျောင်းသားအဖြစ် အမှန်တကယ် စာရင်းသွင်းထားခြင်းမရှိသော တရုတ်နိုင်ငံသားများအား ကျောင်းသားဗီဇာများ ထုတ်ပေးနေကြောင်း ရေးသားခဲ့သည်။ တရုတ်နိုင်ငံသားများအား ကျောင်းသားဗီဇာများ ထုတ်ပေးပြီး ထိုင်းနိုင်ငံတွင် နေထိုင်၍ တရားမဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိစေခဲ့သည်ဟု စွပ်စွဲခဲ့သည်။ “ รู้ทันจีน” စာမျက်နှာက ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့ရှိ Phayap University ၊ North-Chiang Mai University နှင့် လမ်ဖွန်းရှိ Mahachulalongkornrajavidyalaya University သုံးခုက

Read More