September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

စင်္ကာပူနိုင်ငံမှာ အလုပ်သမားရှားပါးနေတဲ့ လုပ်ငန်း ၆ ခုအတွက် နိုင်ငံခြားက လုပ်သားခေါ်မယ်

စင်္ကာပူနိုင်ငံမှာ အလုပ်သမားရှားပါးနေတဲ့ လုပ်ငန်း ၆ ခုအတွက် နိုင်ငံခြားက လုပ်သားခေါ်မယ်

ဧပြီ ၁၃ ရက်၊ Migrant Times
  • စင်္ကာပူနိုင်ငံမှာ လက်ရှိ အလုပ်သမားရှားပါးနေတဲ့ လုပ်ငန်း ၆ ခုကို အစိုးရက ဗီဇာအခွင့်အလမ်းအသစ်များ တိုးမြှင့်ဖို့ စီစဥ်နေပါတယ်။စင်ကာပူနိုင်ငံဟာ လူဦးရေ ၅ ဒသမ ၆၄ သန်းပဲ ရှိတာကြောင့် လျင်မြန်စွာ ကြီးထွားတဲ့စီးပွားရေးတန်ဖိုးကိုဖန်တီးနိုင်တဲ့အထိ ဘဏ္ဍာရေးကောင်းမွန်စွာ လည်ပတ်နေပါတယ် ။ကမ္ဘာတစ်ဝန်းက ကုမ္ပဏီကြီးတွေက နည်းပညာတွေ ဆက်လက်ရင်းနှီးမြှုပ်နှံကြပါတယ်။  စင်္ကာပူနိုင်ငံရဲ့စီးပွားရေးတိုးတက်မှု နောက်ကွယ်မှာ လူဦးရေရဲ့ လေးပုံတစ်ပုံခန့်ဟာ နိုင်ငံခြားအလုပ်သမားတွေ ဖြစ်ပါတယ်။
  • ဒါပေမဲ့ စင်္ကာပူနိုင်ငံဟာ COVID အကျပ်အတည်းအပြီးမှာ လုပ်သားရှားပါးမှုနဲ့ ကြုံနေရပါတယ်။ဒါကြောင့် စင်္ကာပူအစိုးရဟာ လုပ်ငန်း ၆ ခု၊ အလုပ်အကိုင် ၂၇ ခုမှာ လစ်လပ်နေတဲ့ နိုင်ငံခြားဗီဇာကို ကမ္ဘာ့ထိပ်တန်းကုမ္ပဏီတွေမှာ အလုပ်လုပ်ကိုင်ဖို့ အရည်အချင်းရှိသူတွေကို ဆွဲဆောင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။အခုစက်တင်ဘာလမှာ လစ်လပ်လုပ်သားနေရာတွေအတွက် စတင်ခေါ်ယူမယ်လို့ ခန့်မှန်းထားပါတယ်။စိုက်ပျိုးရေးလုပ်ငန်း၊ငွေကြေးလုပ်ငန်း အကြံပေး၊ အစိမ်းရောင်စက်မှုလုပ်ငန်း၊ကျန်းမာရေးလုပ်ငန်းအတွက် ဆေးဘက်ဆိုင်ရာစိတ်ပညာရှင်၊ ဓာတ်မှန်ဗေဒပညာရှင်၊ အရိုးအကြောအဆစ်ကုဆရာဝန်များ၊ မှတ်ပုံတင်ထားသောသူနာပြုများ၊နည်းပညာလုပ်ငန်း အတွက် Artificial Intelligence AI Engineer၊ Cloud Specialist၊ Cyber ​​​​Risk Specialist၊ Data Scientist၊ Software Developer၊ရေကြောင်းလုပ်ငန်း အတွက် သင်္ဘောကပ္ပတိန်အလုပ်တွေ လစ်လပ်နေတာဖြစ်ပါတယ်။
  • “ဒီအလုပ်တွေကို ဖြည့်ဆည်းဖို့ ကျွမ်းကျင်တဲ့ သူတွေ လည်း ရှိရမယ်။ နောက်ပြီး နိုင်ငံခြားအလုပ်သမားတွေ ကျွမ်းကျင်မှုနဲ့ အရည်အချင်းတွေ လိုအပ်တယ်။ ဒီကျွမ်းကျင်မှုတွေအတွက် လုပ်သားဈေးကွက်က အခုအချိန်မှာ ပြိုင်ဆိုင်မှု ပြင်းထန်နေပြီ” လို့ စင်ကာပူအစိုးရက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *