September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

နိုင်ငံခြားသားအလုပ်သမားများ တိုးမြှင့်​ရေး တောင်ကိုရီးယားအစိုးရ အလေးပေး

နိုင်ငံခြားသားအလုပ်သမားများ တိုးမြှင့်​ရေး တောင်ကိုရီးယားအစိုးရ အလေးပေး

|ဆောင်းပါး|
ဧပြီ ၁၈ ရက်၊ Migrant Times
  • တောင်ကိုရီးယားနိုင်ငံရဲ့ ကလေးမွေးဖွားနှုန်းဟာ ကမ္ဘာပေါ်မှာ အမြန်ဆုံးနှုန်းနဲ့ ကျဆင်းနေပါတယ်။ပျမ်းမျှအနေနဲ့ တောင်ကိုရီးယားအမျိုးသမီးတွေ ကလေးရရှိနှုန်းဟာ ၂၀၂၂ ခုနှစ်မှာ သုည ဒသမ ၇၈ ရာခိုင်နှုန်းပဲ ရှိခဲ့ပြီး ကမ္ဘာ့ဘဏ် မှတ်တမ်းအရ နိုင်ငံပေါင်း ၂၆၀ ကျော်အနက် အနိမ့်ဆုံးဖြစ်တယ်လို့ တောင်ကိုရီးယားအမျိုးသားစာရင်းအင်းဗျူရိုရဲ့အချက်အလက်​တွေအရ သိရပါတယ်။အဲဒီလိုလူဦးရေကျဆင်းမှု အခက်အခဲကို ဖြေရှင်းဖို့ တောင်ကိုရီးယား အစိုးရဟာ နိုင်ငံခြားသား အလုပ်သမား အရေအတွက်ကို တိုးမြှင့်ဖို့ အထူးလုပ်ဆောင်နေပါတယ်။
  • အင်ဒိုနီးရှားနဲ့ နိုင်ဂျီးရီးယားရဲ့တဖြေးဖြေးတိုးလာနေသော လူဦးရေဟာ ၂၀၅၀ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံကို ကျော်ပြီး စီးပွားရေးလည်း တိုးတက်လာမှာဖြစ်တာကြောင့် တောင်ကိုရီးယားဟာ ကမ္ဘာ့ထိပ်တန်းစီးပွားရေး ၁၅ နိုင်ငံထဲက​နေတွန်းထုတ်ခံရဖွယ်ရှိနေပါတယ်။ဘတ် ၇ ဒသမ ၃၁ ထရီလျံခန့် ကြီးမားတဲ့ ဘတ်ဂျက် ဒေါ်လာ သန်း ၂၁၂,၀၀၀ ကျော်ကို ရင်းနှီးမြှုပ်နှံခြင်းနဲ့ ၁၅ နှစ်ကြာ ပြုပြင်ဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်မှု မရှိတာကြောင့် အစိုးရက နိုင်ငံခြားသား အလုပ်သမား အရေအတွက်ကို တိုးမြှင့်ရခြင်း ဖြစ်ပါတယ်။စီးပွားရေးတိုးတက်မှုအတွက် အလုပ်သမား မရှိမဖြစ်လိုအပ်တယ်လို့ ကျွမ်းကျင်သူ ဆန်းစစ်ချက်ကလည်းဖော်ပြနေပါတယ်။
  • စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်ငန်းတွေဟာ အင်အားသုံး ပင်ပန်းကြမ်းတမ်းတဲ့လုပ်ငန်းဖြစ်ပြီး လုပ်အားခငွေ အရနည်းတာကြောင့် တောင်ကိုရီးယားလူငယ်တွေကြားမှာ ရေပန်းစားတဲ့ လုပ်ငန်းခွင်မဟုတ်ပါဘူး။ဒါကြောင့်၂၀၀၄ ခုနှစ်မှာ တောင်ကိုရီးယားအစိုးရဟာကျွမ်းကျင်မှုနည်းတဲ့ နိုင်ငံခြားသားအလုပ်သမား​တွေကို စတင်လက်ခံခဲ့ပါတယ်။အစိုးရဟာ အလုပ်ခန့်ထားမှု လုပ်ငန်းစဉ်တစ်ခုလုံးကို ထိန်းချုပ်ထားပြီး အလုပ်သမားရွေးချယ်မှု၊ စုဆောင်းမှုမှ နေရပ်ပြန်ပို့ခြင်းအထိ တာ၀န်ယူပါတယ်။၂၀၁၉ ခုနှစ်မှာ နှစ်ရှည်နေထိုင်တဲ့နိုင်ငံခြားသားဦးရေဟာ ၂ ဒသမ ၅၂ ရာခိုင်နှုန်းထိ မြင့်တက်လာပြီး တောင်ကိုရီးယားလူဦးရေရဲ့ ၄ ဒသမ ၉ ရာခိုင်နှုန်းခန့်ရှိပါတယ်။
  • နိုင်ငံခြားသားအလုပ်သမားတွေထဲမှာ တရုတ်လူမျိုးအများဆုံးဖြစ်ပြီး ကိုရီးယားနွယ်ဖွားတွေဖြစ်ပါတယ်။ တရုတ်လူမျိုးအများစုက ကိုရီးယားဘာသာစကားကိုကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပြီး ယဉ်ကျေးမှုနဲ့ အစားအသောက်လည်း တူပါတယ်။ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံသားတွေကတော့ ဒုတိယအများဆုံးဖြစ်ပါတယ်။ကျွမ်းကျင်ပညာရှင်တစ်ဦးက Nikkei Asia သတင်းဌာနကို ပြောကြားရာမှာ ” တောင်ကိုရီးယားအစိုးရဟာ နိုင်ငံခြားသားအလုပ်သမားများကို တင်သွင်းတာဟာ လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းဖို့ သက်သက်မဟုတ်ပါဘူး။ အစိုးရက နိုင်ငံခြားသား အလုပ်သမားတွေကို အမြဲတမ်းနေထိုင်ခွင့်ရအောင် ကူညီပေးဖို့ နည်းလမ်းမျိုးစုံကို ပြင်ဆင်ထားပါတယ်။ ဥပမာ တောင်ကိုရီးယားမှာ နိုင်ငံခြားသားအလုပ်သမားတွေဟာ တောင်ကိုရီးယားနဲ့ လက်ထပ်ခြင်းအားဖြင့် အမြဲတမ်းနေထိုင်ခွင့်ကို ရရှိနိုင်ပါတယ် ” လို့ ဆိုပါတယ်။
  • နိုင်ငံခြားသားအလုပ်သမားတွေနဲ့ တောင်ကိုရီးယားနိုင်ငံသား လက်ထပ်ထိမ်းမြားမှု အရေအတွက်ဟာ ၂၀၀၀ ပြည့်နှစ်ကတည်းက သိသိသာသာ တိုးလာခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ တောင်ကိုရီးယားမှာ မင်္ဂလာပွဲ ဆယ်ခုမှာ တစ်ခုဟာ နိုင်ငံခြားသားနဲ့ ကိုရီးယားလူမျိုး လက်ထပ်ထိမ်းမြားတာ ဖြစ်ပါတယ်။ အများစုကတော့ တရုတ်နဲ့ ဗီယက်နမ် ဖြစ်ပါတယ်။တောင်ကိုးရီးယားနိုင်ငံဟာ အရှေ့တောင်အာရှ အလုပ်သမားတွေအတွက် ထိပ်တန်းအိပ်မက်အဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်။ အကြောင်းရင်းတစ်စိတ်တစ်ပိုင်းက တောင်ကိုရီးယားကုမ္ပဏီများ၊ ထုတ်ကုန်များနဲ့ ရင်းနှီးမှုကြောင့်ပါ။တောင်ကိုရီးယားရုပ်သံစီးရီးတွေနဲ့ K-POP ဂီတ တစ်ကမ္ဘာလုံးမှာ လွှမ်းမိုးမှုဟာ တောင်ကိုရီးယားမှာ အလုပ်လုပ်ဖို့ လူငယ်​တွေကို ပိုမိုဆွဲ​ေဆာင်နေပါတယ်။
ကိုးကား- Nikkei Asia

Leave a Reply

Your email address will not be published. Required fields are marked *