September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ခိုးဝင်ခ တစ်ဦး ၁,၂၀ဝဝ ပေးဆောင်ရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို Saraburi လူဝင်မှုကြီးကြပ်ရေးရဲက ဖမ်းဆီးရမိ

ခိုးဝင်ခ တစ်ဦး ၁,၂၀ဝဝ ပေးဆောင်ရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို Saraburi လူဝင်မှုကြီးကြပ်ရေးရဲက ဖမ်းဆီးရမိ

ခွန်သောမတ်စ်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ Saraburi ပြည်နယ်၊ မူးယစ်ဆေးဝါးထိန်းချုပ် နှိမ်နှင်းရေးဘုတ်အဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့တို့က ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၈ ဦး နဲ့အတူ သူတို့ကို တင်ဆောင်လာတဲ့ ထိုင်းလူမျိုးကားဆရာကို ပါဆတ်ရွာ၊ ဘန်ခိုမွန်ကျေးရွာအုပ်စု၊ ဘန်မော်မြို့နယ်၊ ဆာရဘူရီပြည်နယ်တွင် ဖမ်းဆီးရမိကြောင်း လူဝင်မှုကြီးကြပ်ရေး ဒု-ရဲမှူးကြီး Natee Khumluanlom က ပြောပါတယ်။
  • တရားမ၀င် နိုင်ငံတွင်း ခိုး၀င်မှုဖြင့် မြန်မာနိုင်ငံသား (၈)ဦးအား တရားစွဲခံရမှာဖြစ်ပြီး မူလနိုင်ငံသို့ ဆက်လက် ပြန်ပို့ခံရမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံသားကိုလည်း “ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသားတွေကို တင်သွင်းလာခြင်း နှင့် ကူညီခြင်း၊ ဖမ်းမိခြင်းမှ လွတ်မြောက်အောင် ကူညီဆောင်ရွက်ပေးခြင်း” စတဲ့ လူဝင်မှုကြီးကြပ် ရေး အက်ဥပဒေ ပုဒ်မ ၆၄ အရ အရေးယူခြင်းခံရမှာဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး ဒု-ရဲမှူးကြီး Natee Khumluanlom က ပြောပါတယ်။မြန်မာရွှေ့ပြောင်း အလုပ်သမား (၈)ဦးဟာ နယ်စပ်ကတစ်ဆင့် ထိုင်းနိုင်ငံအတွင်း တစ်ဆင့်ပြီးတစ်ဆင့် သွားရပြီး ကယ်ရီခဟာ အလုပ်သမား တစ်ဦးကို ဘတ် ၁၂,၀၀၀ ပေးဆောင်ရကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *