ရန်ကုန်တိုင်း ၊ လိူင်သာယာမြို့နယ်၊ ချန်းရိ Adidas ဖိနပ်စက်ရုံရှိ အလုပ်သမား ၆ဝဝဝ ကျော် ဆန္ဒပြတောင်းဆိုခဲ့သည့် တစ်ရက်လျှင် လုပ်အားခ ၁၂ဝဝဝကျပ် ရရှိရေးကို စက်ရုံနှင့်ညှိနှိုင်းနိုင်ခဲ့ကြောင်း အလုပ်သများများက တစ်တော့ လူမှုကွန်ရက်တွင် ရုပ်သံဖိုင်နှင့်တကွ မေလ ၂ဝ ရက်နေ့ညနေတွင်ဖော်ပြသည်။
ချန်းရိ Adidas ဖိနပ်စက်ရုံရှိ အလုပ်သမား ၆ဝဝဝ ကျော်က မေလ ၁၄ ရက်နေ့မှစတင်ကာ ဒေးကြေး(နေ့စဉ်ကြေး)တိုးမြှင့်ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်ပြီး တစ်ပတ်အကြာ မေလ ၂ဝ ရက်နေ့တွင် စက်ရုံနှင့်ညှိနှိုင်းနိုင်ခဲ့ခြင်းဖြစ်သည်။
ဒေးကြေး(နေ့စဉ်ကြေး)ကို ၅၂ဝဝ ကျပ်မှ ၅၈ဝဝ ကျပ်၊ ထောက်ပံကြေး ၃၈ဝဝ ကျပ်၊ အစိုးရ ထောက်ပံကြေး ၂ဝဝဝ ကျပ် ၊ ဆန်ဖိုးဆီဖိုး ၄ဝဝ ကျပ် သတ်မှတ်ပေးခဲ့သည့်အတွက် ဒေးကြေး စုစုပေါင်း ၁၂ဝဝဝ ကျပ်ရရှိမည်ဖြစ်ကြောင်း အလုပ်သမားတစ်ဦးက ရုပ်သံဖိုင်တွင်ပြောသည်။
ချန်းရိဖိနပ်စက်ရုံသည် ရန်ကုန်တိုင်း၊လှိုင်သာယာအနောက်ပိုင်း၊ အပြင်ပဒံရပ်ကွက်တွင် တည်ရှိပြီး အလုပ်သမား ၆ဝဝဝ ကျော်လုပ်ကိုင်နေသည်။
Photo – screenshot/tiktok