နိုဝင်ဘာ 7, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

ထိုင်းတွင် မြန်မာ ၁ ဦး ခြိမ်း​ခြောက် မီးရှို့မှုဖြင့် ဖမ်းဆီးခံရ

နိုဝင်ဘာ ၅ ၊ Migrant Times ။

ထိုင်းနိုင်​ငံ​တောင်ပိုင်း ၊ ဖန်ငခရိုင် ၊ ထုံခမင်း​ကျေးရွာတွင်​ မြန်မာနိုင်ငံသား ၁ ဦးသည် ယနေ့ နံနက်တွင်နေအိမ် တအိမ်အား မီးရှို့မှုဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း ပညာရေးနှင့်ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း- FED တာဝန်ရှိသူက Migrant Times ကိုပြောသည်။

ကိုစိုးစိုးအမည်ရ ​ မြန်မာနိုင်ငံသားသည် ယနေ့၊ နံနက် ၉ နာရီဝန်းကျင်တွင်​ ဘေးအခန်း​ရှိ မြန်မာအမျိုးသမီး မသစ္စာမိုး ၏ အခန်းသို့ ဓါးဖြင့်ဝင်​​ရောက်ခြိမ်း​ခြောက်ခဲ့ပြီး မသစ္စာမိုးက သူမ၏က​လေးနှင့်အတူ ထွက်​ပြေးတိမ်း​​ရှောင်​နေစဉ် ​နေအိမ်တွင်းဝင်​​ရောက်ကာ မူးယစ်ရမ်းကားပြီး အဝတ်အထည်များအား မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မသစ္စာမိုးက ၎င်း၏ခင်ပွန်းဖြစ်သူအားအလုပ်တွင် သွား​​ရောက်​ခေါ်​​ဆောင်ကာ FED ရုံးမှတဆင့်အမှုဖွင့်တိုင်ကြားခဲ့ခြင်း​ဖြစ်သည်။

ထို့ကြောင့် FED မှ တာဝန်ရှိသူများက ရဲတပ်ဖွဲ့များနှင့်အတူ ကိုစိုးစိုးအား သွား​ရောက် စစ်​ဆေးဖမ်းဆီးခဲ့ပြီး ၎င်းအား ရန်ငြိုးရန်စမရှိပဲ မူးယစ်ရမ်းကားမှုဖြင့် အမှုဖွင့်​ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

“ အခု နှစ်ဖက်စစ်​ဆေးချက်ယူ​နေတယ် ၊ ပြီးရင် မှတ်တမ်းလုပ်ပြီ တရားရုံးတင်မယ်။ ဒီ​နေ့က​ ရဲစခန်းအချုပ်မှာပဲ ချုပ်ထားတယ်။ ပြီးရင်​​တော့ ​ထောင်မှာပဲ​နေရမယ်၊ ထောင်က​နေမှ အမှုရင်ဆိုင်ရမယ်” ဟုအမှုအားလိုက်ပါဆောင်ရွက်နေသည့် ​FED တာဝန်ရှိသူက ပြောသည်။

Photo – Migrant Times