September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
စီးပွားရေး

Uniqlo ထုတ်လုပ်တဲ့ဂျပန်ကုမ္ပဏီ မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်

Uniqlo ထုတ်လုပ်တဲ့ဂျပန်ကုမ္ပဏီ မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်

မတ် ၃၀ရက်၊ Migrant Times
  • ဂျပန်နိုင်ငံရဲ့ Fast Retailing နဲ့ ယူကေရဲ့နာမည်ကြီး Marks & Spencer ကဲ့သို့သော နိုင်ငံတကာအဝတ်အထည်ကုမ္ပဏီတွေဟာ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ စိုးရိမ်ပူပန်မှုတွေအပြင် ထုတ်လုပ်မှုအခက်အခဲတွေကြောင့် မြန်မာနိုင်ငံရှိ သူတိို့ရဲ့ အပ်ထည်အထည်ချုပ်လုပ်ငန်းတွေကို အဆုံးသတ်တော့မှာဖြစ်ပါတယ်။၂၀၂၁ ဖေဖော်ဝါရီမှာ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် နိိုင်ငံခြားကုမ္ပဏီတွေ အစုလိိုက်အပြုံလိုက် ထွက်ခွာမှုဖြစ်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့် စစ်တပ်နဲ့ ဆက်စပ်နေတဲ့ ပြည်တွင်းမိတ်ဖက်လုပ်ငန်းတွေမှာ လက်တွဲဖြုတ် စွန့်ခွာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြသူတွေကို ဖြိိုခွင်းပြီး စစ်တပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့်စွပ်စွဲခံနေရပါတယ်။
  • အဝတ်အထည်အမှတ်တံဆိပ်တွေဟာ ခြွင်းချက်တစ်ခုအဖြစ်ရှိခဲ့ပြီး မြန်မာနိုင်ငံမှာ စက်ရုံငယ် တွေဆီမှာ အပ်ထည်ထုတ်လုပ်မှုနဲ့ ဝင်ငွေနည်းအလုပ်အကိုင်ပေးမှုဟာ ဆက်လက် ရှိနေခဲ့ပါတယ်။ ဒါပေမယ့် အနိမ့်ဆုံးလုပ်ခလစာတိုးမြှင့်ဖို့နဲဲ့ နိင်ငံတွင်းစနစ်အောက်မှ ဖြတ်တောက်မှု အကျိုးခံစားခွင့်တွေ မတတ်နိုင်တာကြောင့် နိုင်ငံတကာကုမ္ပဏီတွေဟာ ထွက်ခွာနေကြရပါတယ်။Fast Retailing ဟာ မြန်မာနိိုင်ငံကနေ ထွက်ခွာမယ့် နောက်ဆုံးစာရင်းဝင်ဖြစ်လာပြီး ၎င်းရဲ့အထည်ချုပ်နဲ့ ထုတ်လုပ်မှုစက်ရုံတွေစာရင်းကနေ မြန်မာမှာရှိတဲ့ မိတ်ဖက်တွေကို ဖယ်ရှားတော့မှာ ဖြစ်ပါတယ်။ Fast Retailing ကုမ္ပဏီဟာ Uniqlo ထသွားထလာအဝတ်အထည်ထုတ်လုပ်နေပြီး ၎င်းရဲ့ နောက်ထပ်အမှတ်တံဆိပ်ဖြစ်တဲ့ GU အတွက်လည်း ဂျာကင်နဲ့ ရှပ်အက်ျီတွေ ထုတ်လုပ်ပေးပါတယ်။ ဒါပေမယ့် အဲဒီိထုတ်လုပ်မှုတွေကို လာမယ့် ၂၀၂၃ ဆောင်းရာသီအကုန်မှာ အဆုံးသတ်တော့မှာလို့ ကုမ္ပဏီဘက်က ပြောပါတယ်။
  • အခုရပ်တန့်မှုကြောင့် တရုတ်နဲ့ ဗီယက်နမ် နိုင်ငံတွေအပါအဝင် ကမ္ဘာတစ်ဝှမ်း ထုတ်လုပ်ရေးမိတ်ဖက်ပေါင်း ၄၃၀ ကျော်ရှိိတဲ့ Fast Retailing အပေါ် အကန့်အသတ်နဲ့အကျိုးသက်ရောက်မှုရှိိမယ်လို့ ခန့်မှန်းထားကြပါတယ်။အခြားဂျပန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Muji အိမ်သုံးကုန်ပစ္စည်းတွေထုတ်လုပ်တဲ့ Ryohin Keikaku ဟာလည်း မြန်မာနိုင်ငံကနေ ဂျာကင်အက်ျီီနဲဲ့ အခြားပစ္စည်းထုတ်လုပ်မှုတွေကို လာမယ့် သြဂုတ်မှာ ရပ်တန့်ဖို့ စီစဥ်နေပါတယ်။
ကိုးကား – Nikkei Asia

Leave a Reply

Your email address will not be published. Required fields are marked *