September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

မ​လေးရှားပိုင် ရေပြင်မှာ တရားမဝင် ဝင်လာတဲ့ မြန်မာ ၁၆ ဦး ဖမ်းမိ

မ​လေးရှားပိုင် ရေပြင်မှာ တရားမဝင် ဝင်လာတဲ့ မြန်မာ ၁၆ ဦး ဖမ်းမိ

ဧပြီ ၉ ရက်၊ Migrant Times
  • မ​လေးရှားနိုင်ငံ၊ Kuala Kedah ရေပြင်တစ်ဝိုက်မှာ တရားမဝင် ဝင်ရောက်လာသူလို့ သံသယရှိသူ အမျိုးသား ၁၃ ဦးနဲ့ အမျိုးသမီး ၆ ဦး မနေ့ကတွေ့ရှိခဲ့ပြီး စစ်ဆေးဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား ၁၆ ဦးနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃ ဦး ဖြစ်တယ်လို့ သိရပါတယ်။Kuala Kedah ရေကြောင်းဇုန်မှာ Maritime Malaysia ပိုင် ကင်းလှည့်သင်္ဘောဟာ ပုံမှန် ကင်းလှည့်နေတုန်းလန်ကာဝီမှ သွားလာနေသော ကူးတို့သင်္ဘောကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြောကြားခဲ့တာပါ။
  • စစ်ဆေးတဲ့အခါမှာ မြန်မာနိုင်ငံသား ၁၆ ဦးမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) လျှောက်လွှာတစ်စောင်ပဲ ပါရှိကြောင်း အာဏာပိုင်တွေက တွေ့ရှိခဲ့ရပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃ ဦးမှာ တရားဝင် အထောက်အထား စာရွက်စာတမ်းတွေ မပါရှိဘူးလို့ သိရပါတယ်။သူတို့ကို ဖမ်းဆီးပြီး ကွာလာကေဒါ ရေကြောင်းဇုန်ရုံးကို ပို့ဆောင်ထားပါတယ်။သူတို့ဟာ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ 1959/63 (ဂ) အရ ပြစ်မှုကျူးလွန်တာဖြစ်ပြီး RM 10,000 ထက်မပိုသော ဒဏ်ငွေ ဒါမှမဟုတ် ငါးနှစ်ထက်မပိုသော ထောင်ဒဏ် ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ပြီးခြောက်ကြိမ်ထက်မပိုတဲ့ ကြိမ်ဒဏ် ချမှတ်နိုင်တယ်လို့ သိရပါတယ်။
ကိုးကား- APMM

Leave a Reply

Your email address will not be published. Required fields are marked *