September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အသိပညာပေး

အိမ်နီးချင်း နိုင်ငံများမှ အလုပ်သမားများအတွက် ထိုင်းနိုင်ငံရဲ့ ကျန်းမာရေး အာမခံစနစ်

အိမ်နီးချင်း နိုင်ငံများမှ အလုပ်သမားများအတွက် ထိုင်းနိုင်ငံရဲ့ ကျန်းမာရေး အာမခံစနစ်

ဧပြီ ၁၁ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေက အလုပ်သမားတွေအတွက် ကျန်းမာရေး အာမခံစနစ်ကို စီစဉ်ပေးထားပါတယ်။MIU (MOPH Intelligence Unit) ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ရွန်ရွမ် ကစ်ပတီ က စီးပွားရေးကို တွန်းအားပေးရာတွင် အခန်းကဏ္ဍတစ်ခုအနေဖြင့် တာ့ခ်ခရိုင် နယ်စပ် အထူးစီးပွားရေးဇုန်မှာ လာရောက် အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၃၀ ရဲ့ ကျန်းမာရေး အာမခံ အခြေအနေကို လေ့လာ သုတေသန ပြုထားပါတယ်။နယ်စပ်ဒေသတွေမှာ အလုပ်လုပ်ကိုင်ဖို့ နိုင်ငံခြားအလုပ်သမား လိုအပ်မှုများစွာ ရှိနေပါတယ်။
  • ဒေါက်တာ ရွန်ရွမ် ကစ်ပတီရဲ့ လေ့လာမှု ရလဒ်​တွေက အရေးကြီးတဲ့ပြဿနာ အခက်အခဲ ၄ ခုကိုဖော်ပြခဲ့ပါတယ်။
၁။လက်ရှိသတင်းအချက်အလက်စနစ်ဟာ ပြည့်စုံမှုနဲ့ပတ်သက်ပြီး ပြဿနာတွေ ရှိနေဆဲဖြစ်ပါတယ်။ကျန်းမာရေး ဝန်ကြီးဌာန  (MOPH)ရဲ့ အခန်းကဏ္ဍတွေနဲ့တာဝန်အရ ကျန်းမာရေး အာမခံ စနစ်ကိုတိကျမှုနဲ့ အရည်အသွေးပိုင်း စီမံခန့်ခွဲရာမှာ အားနည်းနေပါတယ်။
၂။ အလုပ်သမား ဝန်ကြီး ဌာနနဲ့ အလုပ်သမား ဝန်ကြီးဌာနရဲ့နိုင်ငံခြား အလုပ် စီမံခန့်ခွဲမှု စနစ် အထူးသဖြင့် COVID-19 ကာလအတွင်း ပုဒ်မ ၆၄ (နိုင်ငံခြားသား အလုပ် စီမံခန့်ခွဲရေး အမိန့် ဘီအီး ၂၅၆၀) နဲ့ လူမှုဖူလုံရေး အာမခံကုမ္ပဏီများမှ စောင့်ဆိုင်းနေတဲ့ နိုင်ငံခြားသား အလုပ်သမားများအား ကျန်းမာရေး အာမခံ ရောင်းချခြင်း
၃။ကျန်းမာရေးစစ်ဆေးခြင်းဝန်ဆောင်မှုပုံစံသည် ခုခံကာကွယ်သည်အဆင့်သာ ဖြစ်ပါတယ်။ အလုပ်ရှင်တွေဟာ ဆေးရုံမှာ ဝန်ဆောင်မှုများ လက်ခံရရှိဖို့ နိုင်ငံခြားအလုပ်သမား​တွေကို ခေါ်ဆောင်လာရခြင်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေဆဲဖြစ်ပါတယ်။
၄။ နယ်စပ်ဒေသတွေမှာ ကျန်းမာရေး အာမခံစနစ် လွှမ်းခြုံတိုးချဲ့ခြင်းအပေါ် ကန့်သတ်ချက်များရှိ‌ပါတယ်။ဒေါက်တာ ရွန်ရွမ် ကစ်ပတီရဲ့ သုတေသန ရလဒ်တွေကနိုင်ငံခြားအလုပ်သမားတွေအတွက် ကျန်းမာရေး စစ်ဆေးမှုနဲ့ ကျန်းမာရေး အာမခံချက် ဆိုင်ရာ ကိစ္စရပ်များ စာတမ်း 3 စောင် တင်သွင်းခဲ့ရာ ပုဒ်မ ၆၄ ပါ နိုင်ငံခြား အလုပ်သမားများ တိုးမြှင့်ရေး၊ အလုပ်သမား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နယ်စပ်ဒေသများတွင် အလုပ်လုပ်ကိုင်ရန်၊ နိုင်ငံခြားအလုပ်သမားများ၏ ကျန်းမာရေးစစ်ဆေးခြင်း ဝန်ဆောင်မှုပုံစံကို မြှင့်တင်ပေးခြင်း၊ စံချိန်စံညွှန်းပြည့်မီစေရန် ကျန်းမာရေးစစ်ဆေးမှုများ၏ အရည်အသွေးကို ကြီးကြပ်ကွပ်ကဲရန် စောင့်ကြည့်ရေးစနစ်တို့ ပါဝင်ပါတယ်။
နိုင်ငံခြားအလုပ်သမားများ၏ ကျန်းမာရေးအာမခံစနစ်၏ ရလဒ်များကို စီမံခန့်ခွဲရန်နှင့် စောင့်ကြည့်ရန် ဒေတာဘေ့စ်တစ်ခုအနေဖြင့် ပြင်ဆင်မှုကို အရှိန်မြှင့်ဆောင်ရွက်ရန် အကြံပြုထားပါတယ်။
ကိုးကား-thairath.co.th

Leave a Reply

Your email address will not be published. Required fields are marked *