September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

မြန်မာရွှေ့ပြောင်းတွေ အနေနဲ့ ထိုင်းနိုင်ငံရေးဖြစ်စဉ်တွေမှာ မပါဝင်ဖို့နဲ့ ဉပဒေလိုက်နာဖို့ သတိပေးမှုများရှိနေ

မြန်မာရွှေ့ပြောင်းတွေ အနေနဲ့ ထိုင်းနိုင်ငံရေးဖြစ်စဉ်တွေမှာ မပါဝင်ဖို့နဲ့ ဉပဒေလိုက်နာဖို့ သတိပေးမှုများရှိနေ

စကားဝါ၊ Migrant Times
  • ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံရဲ့ တည်ဆဲဉပဒေတွေကို အတိအကျလိုက်နာဖို့လိုပြီး ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ မပါဝင်ဖို့ အလုပ်သမားရေးလှုပ်ရှား သူတွေက သတိပေးထားကြပါတယ်။ထိုင်းနိုင်ငံရဲ့ ဘုရင်စနစ်နဲ့ပတ်သက်ပြီး ထိပါးစော်ကားမှုပြုလုပ်တဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို အလုပ်လုပ်ကိုင်ခွင့်ရုတ်သိမ်းပြီး ပြည်နှင်ဒဏ်ပို့ခွင့်ရှိတယ်လို့ ထိုင်းနိုင်ငံ အလုပ်သမား ညွှန်ကြားမှု ဉီးစီးဌာနက မေလ ၃ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေး) အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေက သူတို့ရဲ့ရပိုင်ခွင့်တွေကို စုပေါင်းချီတက် တောင်းဆိုခဲ့ကြပါတယ်။
  • ဒီနေရာမှာ ရွှေ့ပြောင်းအလုပ်သမား မဟုတ်သူဟု ယူဆရတဲ့အစုအဖွဲ့တစ်ခုက ရာဇ၀တ်မှု ကျင့်ထုံးဥပဒေပုဒ်မ ၁၁၂ ကိုဖောက်ဖျက်ပြီး ဘုရင်စနစ်ဖျက်သိမ်းဖို့ကို တောင်းဆိုခဲ့ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပါဝင်ပတ်သက်သူတွေကို ထိထိရောက်ရောက် အရေးယူသွားဖို့ ထိုင်းအာဏာပိုင်တွေဘက်က ပြင်ဆင်နေပြီး နိုင်ငံခြားသား အလုပ်သမားတွေနဲ့ ပတ်သက်လို့ အခုလိုထုတ်ပြန်သတိပေးခဲ့တာ ဖြစ်ပါတယ်။ဒါ့အပြင်ထိုင်းနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကြိုတင်မဲပေးမှုတွေ စတင်နေပြီဖြစ်တာကြောင့် အရက်နဲ့ ကန့်သတ်တားမြစ်ထားတဲ့ စားသောက်ကုန်တွေကို ရောင်း၊ဝယ်တာ၊ သောက်စားမူးရစ် ရန်ပြုတာတွေကိုလည်း ထိထိရောက်ရောက် အရေးယူမှုတွေ ရှိလာနိုင်တယ်လို့ အလုပ်သမားရေးလှုပ်ရှား သူတွေက သတိပေးထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *