September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

မလေးရှားနိုင်ငံမှာ မြန်မာအပါအဝင် တရားမဝင်နိုင်ငံခြားသားတွေကို ပြန်လည်စစ်ဆေးဖမ်းဆီးခံနေရ

မလေးရှားနိုင်ငံမှာ မြန်မာအပါအဝင် တရားမဝင်နိုင်ငံခြားသားတွေကို ပြန်လည်စစ်ဆေးဖမ်းဆီးခံနေရ

အရုဏ်ဦး
မေ ၁၆ ရက်၊ Migrant Times
  • မလေးရှားနိုင်ငံ၊ ဂျလန်း​မြို့မှာ ဒီရက်ပိုင်းအတွင်း တရားမဝင်နိုင်ငံခြားသားတွေကို ပိုက်စိတ်တိုက် ဖမ်းဆီးမှုတွေ ပြန်လည်ပြုလုပ်လာရာ မြန်မာနိုင်ငံသားတချို့လည်း ဖမ်းဆီးခံနေရတယ်လို့ အဲဒီနိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းထံက သိရပါတယ်။မလေးရှားအာဏာပိုင်တွေက ဌာနစုံပူးပေါင်းအဖွဲ့တွေနဲ့ တရားမဝင်နိုင်ငံခြားသားတွေ နေထိုင်မှုများတဲ့နေရာတွေကို ရှာဖွေဖမ်းဆီးမှုတွေတင်းကြပ်စွာပြုလုပ်လာတာဖြစ်ပါတယ်။”ပြီးခဲ့တဲ့ရက်ပိုင်းတွေက တရားမဝင်နိုင်ငံခြားသားတွေတော်တော်များများမိသွားတယ်။အခုတရားမဝင်တွေအတော်သတိထားတိမ်းရှောင်နေကြရတယ်”လို့ မြန်မာအလုပ်သမားအရေးကူညီပေးနေသူ ကိုအောင်ဝင်းက ပြောပါတယ်။
  • ​မေလ ၁၄ရက် ည ၁၂ နာရီ ကျော်လောက်မှာ ဂျလန်းမြို့က တိုက်ခန်းရှိ အိမ်အလုံးရေ ၁၀၀ နီးပါးကို ပူး​ပေါင်းအဖွဲ့ တွေ စစ်ဆေးခဲ့ကြပြီး နိုင်ငံခြားသားရာချီကို တွေ့ရှိခဲ့ရပြီး တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၉၁ဦးဖမ်းဆီးရမိခဲ့တယ်လို့ မလေးရှားလဝက က ထုတ်ပြန်ထားပါးတယ်။ဖမ်းဆီးရမိတဲ့ထဲမှာ မြန်မာနိုင်ငံသား ၁၇ ဦးလည်းပါဝင်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသား ၃၃ ဦး၊ ဘင်္ဂလားဒေ့ရှ် ၂၁ ဦး၊ ပါကစ္စတန် ၉ ဦး ၊ နီပေါ ၈ ဦး၊အိန္ဒိယ ၂ ဦး တို့ဖြစ်တယ်လို့ ဆိုပါတယ်။
  • တရားမဝင်နေထိုင်သူ အများစုဟာ သန့်ရှင်းရေးလုပ်သား၊ ဆောက်လုပ်ရေးလုပ်သားများအဖြစ် လုပ်ကိုင်နေသူတွေဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။အဲဒီမတိုင်ခင်ကလည်း သံသယရှိတဲ့အဆောက်အဦးတွေကိုမလေးရှားအာဏာပိုင်တွေက ဝင်ရောက်စီးနင်းစစ်ဆေးဖမ်းဆီးခဲ့တာကြောင့် တရားမဝင်နေထိုင်သူတွေဆက်တိုက်ဖမ်းဆီးခံရတာတွေရှိခဲ့တယ်လို့ မလေးရှားရောက်မြန်မာလုပ်သားတွေကဆိုပါတယ်။ဖမ်းဆီးခံရသူတွေကို ထိန်းသိမ်းရေးစခန်းတွေပို့ဆောင်ထားပြီး ဆက်လက်ဖမ်းဆီးမယ်ဆိုပြီးတော့လည်း မလေးရှားလဝက ကအသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *