September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
နိုင်ငံတကာ အလုပ်သမား သတင်း

ဂျာမနီစက်မှုကဏ္ဍမှာ ကျွမ်းကျင်အလုပ်သမားရှားပါးမှု ပြင်းထန်စွာ ရင်ဆိုင်နေရ

ဂျာမနီစက်မှုကဏ္ဍမှာ ကျွမ်းကျင်အလုပ်သမားရှားပါးမှု ပြင်းထန်စွာ ရင်ဆိုင်နေရ

မေ ၁၇ ရက်
ခွန်သောမတ်၊ Migrant Times
  • ဂျာမနီနိုင်ငံဟာ စက်မှုထွန်းကားပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်ပေမယ့် စက်မှုလုပ်ငန်း ကဏ္ဍမျိုးစုံမှာ ကျွမ်းကျင်လုပ်သားရှားပါးမှု ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ရေရှည် စီးပွားရေးတိုးတက်မှုအတွက် ဆိုးရွားမှုမဖြစ်စေဖို့ စက်မှုလုပ်ငန်းကဏ္ဍမှာ ကျွမ်းကျင်တဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို အရှိန်အဟုန်မြှင့် ဆွဲဆောင်ဖို့အစိုးရကို တိုက်တွန်း နေရကြောင်း Deutschevelle ဂျာမန် မီဒီယာများက ဖော်ပြပါတယ်။ဂျာမနီနိုင်ငံဟာ ဥရောပ၏ အကြီးဆုံးစီးပွားရေး စက်မှုလုပ်ငန်းကဏ္ဍမှာ ကျွမ်းကျင် လုပ်သားရှားပါးမှု ရင်ဆိုင်နေရတဲ့အသံ ပိုမိုကျယ်လောင်လာပြီး ကုမ္ပဏီများစွာဟာလုပ်ငန်းလည်ပတ်မှုအတွက် သင့်တော်တဲ့ အရည်အချင်းရှိသူတွေကို ရှာဖွေဖို့ အဓိကစိန်ခေါ်မှုတစ်ရပ်အနေနဲ့ ရုန်းကန်နေရတယ်လို့ German Automotive Industry Association (VDA)မှ ဂျာမန်မော်တော်ကား လုပ်ငန်းအတွက် မန်နေဂျင်းဒါရိုက်တာ Andreas Rade က ပြောပါတယ်။
  • ၂၀၂၃ ခုနှစ်မှာ စက်မှုအင်ဂျင်နီယာလုပ်ငန်းနဲ့ ​ဂျာမန်လျှပ်စစ် အီလက်ထရွန်းနစ် ထုတ်လုပ်တဲ့ လုပ်ငန်းကဏ္ဍမှာရှိတဲ့ ကုမ္ပဏီ ၇၀ ရာခိုင်နှုန်းကျော်ဟာ ကျွမ်းကျင်လုပ်သားရှားပါးမှုနဲ့ ရင်ဆိုင်နေရပြီး အထူးသဖြင့် ဆီမီးကွန်ဒတ်တာ ထုတ်လုပ်မှုကဏ္ဍမှာ အလွန်အမင်းပြတ်လပ်နေပြီး လာမယ့်နှစ်အတွင်း လုပ်သားဦးရေကျဆင်းလာပြီး ကျွမ်းကျင်လုပ်သားလုယက်မှု စစ်ပွဲကြီးတစ်ခု ဖြစ်လာနိုင်မယ်လို့ ပို့ကုန်သွင်းကုန်အသင်းရဲ့ အမှုဆောင်ဒါရိုက်တာ Thilo Broadmann က ပြောပါတယ်။ဂျာမနီနိုင်ငံဟာ ကျွမ်းကျင်လုပ်သား သက်ကြီး အငြိမ်းစားယူသောသူနဲ့ လူငယ် လုပ်သားအင်အား လျှော့ချမှုကြောင့် လာမယ့် ၂၀၃၅ ခုနှစ်မှာ ရှားပါးကျွမ်းကျင် လုပ်သား ၇ သန်းကျော်ထိ လိုအပ်နိုင်တယ်လို့ သိရပါတယ်။
  • ဂျာမန်အစိုးရက နိုင်ငံခြားရှိ ကျွမ်းကျင်လုပ်သား များဆွဲဆောင်နိုင်တဲ့ ကမ်းပိန်းကို အရှိန်မြှင့်လုပ်ဆောင်ဖို့အတွက် လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ပြုပြင်ပြောင်းလဲရေးနဲ့ နိုင်ငံခြား အလုပ်သမားများ အလုပ်လုပ်ဖို့ ပိုမိုလွယ်ကူစေမယ့် လမ်းကြောင်းသစ်ကို လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်း လွှတ်တော်ကို အတည်ပြုနိုင်မယ်လို့ မျှော်လင့်ရကြောင်း Financial Times နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဂျာမနီ အလုပ်သမားနှင့်လူမှုရေးရာ ဝန်ကြီး “Hubertus Hale” က ပြောကြားပါတယ်။
ကိုးကား၊ ဓာတ်ပုံ-www.prachachat.net

Leave a Reply

Your email address will not be published. Required fields are marked *