AI နည်းပညာဟာ အလုပ်သမားဈေးကွက်ကို ခြိမ်းခြောက်နိုင်ကြောင်း IMF သတိပေး
ဇွန် ၇ ရက်
ခွန်သောမတ်၊ Migrant Times
- အနာဂတ်စီးပွားရေးကဏ္ဍမှာ အလုပ်သမားတွေရဲ့ နေရာမှာ AI နည်းပညာတွေ အစားထိုးဝင်ရောက်ခြိမ်းခြောက်လာနိုင်တာကြောင့် မူဝါဒချမှတ်သူတွေဟာ AI နည်းပညာကို ထိန်းညှိဖို့စည်းမျဉ်းတွေကို အမြန်ဆုံး ဖန်တီးဖို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) လက်ထောက် မန်နေဂျင်း ဒါရိုက်တာ Kita Gopinath က တိုက်တွန်းလိုက်ပါတယ်။AI နည်းပညာ၏ စွမ်းပကားကို သတိထားဖို့ မူဝါဒချမှတ်သူများကို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က သတိပေးထားပါတယ်။
- “ အစိုးရတစ်ခုလိုတယ်။ အဖွဲ့အစည်းတွေလိုတယ်။ ပြီးတော့ မျက်နှာစာအားလုံးမှာ မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်ဖို့ မူဝါဒချမှတ်သူတွေ လိုအပ်တယ်။ အလုပ်သမားဈေးကွက်မှာ ကောင်းမွန်ပြည့်စုံတဲ့ စည်းမျဉ်းစည်းကမ်း များလိုအပ်တယ်။ ကြီးမားတဲ့ အနှောက်အယှက်ဖြစ်စေမယ့် ပြင်ဆင်မှုတွေအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ် ” လို့ မစ္စစ် Kita Gopinath က အင်တာဗျူးတစ်ခုမှာ ဖြေကြားပါတယ်။လူမှုဖူလုံရေး ပိုက်ကွန်များကို ကူညီပံ့ပိုးပေးရန် အစိုးရကိုလည်း တောင်းဆိုခဲ့ပြီး AI ကြောင့် အလုပ်သမားဝန်ထမ်းတွေ မနစ်နာစေဖို့ အခွန်မူဝါဒများကို အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်း Reuters က ဖော်ပြတိုက်တွန်းထားပါတယ်။