September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၁၇၀ ကျော်ကို နေရပ်ပြန်ပို့

ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၁၇၀ ကျော်ကို နေရပ်ပြန်ပို့

ဇွန် ၉ ရက်
ထွန်းနိုင်၊ Migrant Times
  • ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၇၃ ဦးကို ဒီကနေ့ နေလယ်ပိုင်းမှာ ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ပါတယ်။သူတို့ဟာ ထိုင်းနိုင်ငံတောင်ပိုင်းက အချုပ်တွေမှာ ပြစ်ဒဏ်ကျခံပြီးတာကြောင့် ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခဲ့တာဖြစ်ပါတယ်။သူတို့ကို ရနောင်းမြို့ကနေ စက်လှေနဲ့ ကော့သောင်းမြို့ကိုပြန်ပို့ခဲ့တာပါ။ အခု နေရပ်ပြန်ပို့ခံရသူတွေထဲမှာ မြန်မာနိုင်ငံသား အမျိုးသမီး ၄၉ ဦးနဲ့ အမျိုးသား ၁၂၇ ဦး ပါဝင်တယ်လို့ သိရပါတယ်။
  • ကော့သောင်းမြို့ကို ရောက်လာတဲ့ အဲဒီမြန်မာနိုင်ငံသားတွေကို ဒေသအာဏာပိုင်တွေက ကိုဗစ်-၁၉ စစ်ဆေးပြီး ကိုယ်ရေးအချက်အလက်စစ်ဆေးတာ၊ အသိပညာပေးတာတွေပြုလုပ်ပြီး သတ်မှတ်ထားတဲ့ အသွားအလာစောင့်ကြည့်ရေးစင်တာတွေမှာ ထားရှိမယ်လို့ သိရပါတယ်။အခုလထဲမှာ ထိုင်းနိုင်ငံ          ရနောင်းအချုပ်ကနေ ကော့သောင်းမြို့ကို မြန်မာရွှေ့ပြောင်းလုပ်သား ၁၇၃ ဦး ပြန်ပို့ခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *