နိုဝင်ဘာ 10, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
ရာသီဉတု သတင်း သတင်း

အယုဒ္ဓယတွင်ရေကြီး လူ ၁၄ ဦး သေဆုံးပြီး ၆ သောင်းနီးပါး ရေဘေးသင့်

နိုဝင်ဘာ ၁ဝ ၊ Migrant Times ။

ထိုင်းနိုင်ငံ ၊အယုဒ္ဓယပြည်နယ် ၊ အယုဒ္ဓယမြို့တွင် ရေကြီးမှုဖြစ်ပွားနေပြီး လူ ၁၄ ဦး သေဆုံးခဲ့ကာ လူ ၆ဝ,ဝဝဝ နီးပါး ရေဘေးသင့်နေကြောင်း ထိုင်းသတင်းကယနေ့ ဖော်ပြသည်။

ဆည်မြောင်းဦးစီးဌာနက ကျောက်ဖယားဆည်မှ ရေထုတ်လွှတ်မှု တိုးမြှင့်လိုက်သည့်အတွက် ရေကြီးမှုပိုမိုဆိုးရွားလာပြီး သမိုင်းဝင် မြို့ရိုးတွင် ရေလျှံပြီး လူနေရပ်ကွက်ရှိ ရာနှင့်ချီသော အိမ်များ ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၁၀ ရက်တွင် မြို့ရိုးတစ်ဝိုက်၌ ရေများ ဆက်လက်တက်လာနေကြောင်း ဖော်ပြသည်။

သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေးရုံး၏ အစီရင်ခံစာအရ ခရိုင် (၁၁) ခု၊ မြို့နယ်ခွဲ (၁၄၃) ခုနှင့် ကျေးရွာ (၉၄၅) ရွာရှိ အိမ်ထောင်စု ၅၈,၄၇၇ စုသည် ရေဘေးသင့်ခဲ့ပြီး ရေကြီးမှုကြောင့် လူ ၁၄ ဦး သေဆုံးခဲ့သည်။

ထိုင်းမိုးလေဝသဌာနမှကလည်း လာမည့် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုကြောင့် ဘန်ကောက်နှင့် ပြည်နယ် ၃၁ ခုတွင် မိုးသည်ထန်နိုင်သည့်အတွက် တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးရေး ထွက်ကုန်များ ပျက်စီးဆုံးရှုံးမှုမရှိရန် ကာကွယ်သင့်ကြောင်း ထုတ်ပြန်သည်။

Photo – Khaosod