September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
နိုင်ငံတကာ အလုပ်သမား သတင်း

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေ ဇူလိုင်လကုန် နောက်ဆုံးထား မှတ်ပုံတင်၊ အလုပ်ပါမစ် လျှောက်ဖို့သတိပေး

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေ ဇူလိုင်လကုန် နောက်ဆုံးထား မှတ်ပုံတင်၊ အလုပ်ပါမစ် လျှောက်ဖို့သတိပေး

ဇူလိုင် ၆ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ်၊ မွိုင်မြို့နယ် ပြည်နယ်အလုပ်အကိုင် ရှာဖွေရေးရုံးက ဦးဆောင်ကာ Grand Inter Hotel တွင် ကျင်းပပြုလုပ်သည့် အလုပ်သမားရေးရာ ခေါင်းစဥ်ဖြင့် အသိပညာ ဗဟုသုတများ ပေးဆောင်ခြင်းနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်းတွင် အလုပ်အကိုင်ရှာဖွေရေးရုံး နိုင်ငံခြား အလုပ်သမားများ ညွှန်ကြားမှုရုံး ပြည်နယ်အလုပ်သမား သက်သာချောင်ချိရေးနှင့် ကာကွယ်ရေး ပြည်နယ်လူမှုဖူလုံရေး နှင့် လူဝင်မှုကြီးကြပ်ရေး ရဲများ၊ စက်ရုံပိုင်ရှင်များ နှင့် အလုပ်သမားများ ၃၀၀ ကျော် တက်ရောက်ကြောင်း စမွတ်စခွန်ပြည်နယ် အလုပ်အကိုင် ရှာဖွေရေးရုံး ညွန့်ကြားရေးမှူး Mr. Wanchai Sakhon Maneerat ပြောကြားပါတယ်။
  • အဆိုပါ အလုပ်သမားရေးရာခေါင်းစဥ်ဖြင့် တရား၀င် ပူးပေါင်းဆောင်ရွက်မှု၏ စီမံကိန်းတွင် ကမ္ဘောဒီးယား၊ လာအို နှင့် မြန်မာတို့မှ နိုင်ငံခြားသားများအတွက် လုပ်ငန်းစီမံခန့်ခွဲမှု လမ်းညွှန်ချက်များအား အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက် အတည်ပြုပြီး ၃၁ ဇူလိုင်လ ၂၀၂၃ ခုနှစ် နောက်ဆုံးထား မှတ်ပုံတင် အလုပ်ပါမစ် လျှောက်ရန် လုပ်ငန်းရှင်များကို စမွတ်စခွန်ပြည်နယ်တွင် သတိပေးကြောင်းသိရပါတယ်။အလုပ်သမားများသည် စက်မှုကဏ္ဍ၊ ကုန်ထုတ်ကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် အခြားစီးပွားရေးကဏ္ဍများကို မောင်းနှင်ရာတွင် အရေးကြီးသော အချက်တစ် ချက်ဖြစ်ပြီး စမွတ်စခွန်ပြည်နယ်ရှိ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာ အပါအ၀င် တရား၀င် နိုင်ငံခြားသား အလုပ်သမား ၂၆၁,၉၈၈ ဦး နှင့် စက်ရုံပေါင်း ၁၁,၇၀၇ ကျော် လည်ပတ်နေကြောင်း သိရပါတယ်။
  • ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံခြားသားများ အလုပ်ခန့်ထားမှုဆိုင်ရာ လမ်းညွှန်ချက်များကို ၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နေ့ ကက်ဘိနက်အဖွဲ့ အစည်းများမှ အကြောင်းကြားထားပြီး၊ နိုင်ငံအတွင်း အလုပ်ရှင်များနှင့်အတူ အလုပ်လုပ်ကိုင်ရန် နိုင်ငံခြားသားများ ခေါ်ဆောင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ MOU စနစ်နှင့် အခြားဆက်စပ်ဥပဒေများအတိုင် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး တရား၀င် မှတ်ပုံတင်ခြင်းနှင့် အလုပ်ပါမစ်လျှောက်ကြရန် စမွတ်စခွန်ပြည်နယ် အလုပ်အကိုင် ရှာဖွေရေးရုံး ညွန့်ကြားရေးမှူး Mr. Wanchai Sakhon Maneerat အထူးတိုက်တွန်းကြောင်းသိရပါတယ်။
ကိုးကား-www.banmuang.co.th

Leave a Reply

Your email address will not be published. Required fields are marked *