ရာသက်ပန်လိုင်စင် ပိတ်သိမ်းခံရတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၂၄ခုရှိလာ
ဇူလိုင် ၁၆ရက်
အရုဏ်ဦး၊Migrant Times
- ရာသက်ပန်လိုင်စင်ပိတ်သိမ်းခံရတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၂၄ခုအထိရှိလာပြီလို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။အခုလို ပိတ်သိမ်းခံရတဲ့ အေဂျင်စီတွေထဲမှာ ဒီနှစ်ထဲ ရာသက်ပန်ပိတ်သိမ်းအရေးယူခံရတဲ့အေဂျင်စီ နှစ်ခုပါဝင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။အဲဒီအေဂျင်စီနှစ်ခုက Myint Mo Phue Pwint အေဂျင်စီဟာ မေလ၂၃ရက်နဲ့ Lu Kyaw အေဂျင်စီဟာ ဇူလိုင် ၁၁ရက်မှာ အကျိုးဆောင်လိုင်စင် ပိတ်သိမ်းအရေးယူခံရတာ ဖြစ်ပါတယ်။
- “ငွေကြေးအရူပ်အရှင်းတွေကြောင့်ပြသနာဖြစ်ပြီး အရေးယူခံရတာလို့သိရတယ်။ အလုပ်သမားတွေအပေါ်တာဝန်ယူမူမရှိတာတွေကြောင့်ရောလို့ဆိုတယ်”လို့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။အဲဒီအေဂျင်စီ ၂၄ခုဟာ လိုင်စင်ရာသက်ပန်ပိတ်သိမ်းခံရသလို လိုင်စင်ယာယီရုပ်သိမ်းခံရတဲ့အေဂျင်စီ ၈ခု၊ လုပ်ငန်းမဆောင်ရွက်နိူင်လို့ လိုင်စင်ပြန်အပ်တဲ့အေဂျင်စီ ၅၁ခုနဲ့ လိုင်စင်အာမခံကြေးကျပ်သိန်း ၂၀၀မပေးဆောင်လို့ လိုင်စင် ရုပ်သိမ်းခံရတဲ့အေဂျင်စီ ၂၆ခုရှိတယ်လို့လည်းထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။
- လိုင်စင်ယာယီရုပ်သိမ်းခံရတဲ့အေဂျင်စီ ၈ခုမှာ ၆ခုက ဒီနှစ်ထဲအရေးယူခံရတာ ဖြစ်ပါတယ်။ဒါ့အပြင် လက်ရှိပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရယူထားတဲ့အေဂျင်စီ ၄၅၅ခုအထိရှိလာပြီး ၂၀၂၁နှစ်ဆန်းကထက်စာရင် အေဂျင်စီ ၁၅၀ ကျော်တိုးလာတယ်လို့လည်း ထုတ်ပြန်ချက်တွေအရသိရပါတယ်။ထိုင်းနိုင်ငံကို MoU စနစ်နဲ့ စေလွှတ်တဲ့ လုပ်သားတွေကို ၂၀၂၂ ဇွန်လက တွေ့ရစဥ်။ ဓာတ်ပုံ – အလုပ်သမားသံအရာရှိရုံး